ပြုလုပ်ရတာလည်း လွယ်ကူသောကြောင့် ဒီလိုလွယ်ကူလှသော ဆံပင်စည်းနည်းလေးကို ညီမငယ်လေးများအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးချင်ပါတယ်။
1.ကျစ်ဆံမြှီးကျစ်ပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါမယ်။
သုံးချောင်းခွဲလိုက်ပါမယ်။
ကျစ်ဆံမြှီးကျစ်ပါမယ်။
အဆုံးထိကျစ်ကာ သရေကွင်းဖြင့်စည်းပါမယ်။
နောက်တစ်ဖက်မှ ဆံပင်ကိုလည်း သုံးချောင်းခွဲကာ ကျစ်ဆံမြှီးကျစ်၍ သရေကွင်းဖြင့်စည်းပါမယ်။
2.ကျစ်ဆံမြှီးကိုခွေပါမယ်။
ကျစ်ဆံမြှီးတစ်ချောင်းကိုယူကာ အဖျားမှစ၍ အပေါ်ကိုခွေလိုက်ပါမယ်။
အဆုံးထိမခွေပဲ အနောက်တွင် ကပ်လိုက်ပါမယ်။
ကလစ်ဖြင့်ထိုးပါမယ်။
နောက်တစ်ချောင်းကိုလည်း အပေါ်တွင် ဖော်ပြထားသလို ခွေတင်၍ ကလစ်ထိုးပါမယ်။
3.နှစ်ကြောင်းထိုးကျစ်ပါမယ်။
ကျန်သောဆံပင်အားလုံးကို အလယ်ခွဲလိုက်ပါမယ်။
ဘေးတစ်ဖက်မှ ဆံပင်အနည်းငယ်ယူပါမယ်။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကို ပို့၍ပူးလိုက်ပါမယ်။
ပူးထားသောဘက်မှ ဆံပင်အနည်းငယ်ကို ပြန်ယူပါမယ်။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကို ပို့၍ပြန်ပူးလိုက်ပါမယ်။
အနည်းငယ်ကျစ်၍ ဖွပေးပါမယ်။
အဆုံးထိကျစ်၍ သရေကွင်းဖြင့်စည်းပါမယ်။
4.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။