ဆံပင်ပုံစံလေးကိုမည်သည့်ဝတ်စုံလေးနဲ့ ပဲဖြစ်ဖြစ်ဝတ်လို့ရတဲ့ ဆံပင်ပုံစံလေးကို တစ်ဆင့်စီ တင်ပြလိုက်ပါတယ်။
1.ကျစ်ဆံမြှီးစကျစ်ပါမယ်။
ဘေးတစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူပြီး ကျစ်ဆံမြှီးကျစ်ပါမယ်။
အဆုံးထိကျစ်ပြီးသားရေကွင်းဖြင့် ချည်ပါမယ်။
တခြားဘေးတစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်းကျစ်ပြီးသားရေကွင်းဖြင့်ချည်ပါမယ်။
ဆံပင်တစ်ဝက်ကိုယူပြီး အနောက်တွင် သားရေကွင်းဖြင့်စည်းပါမယ်။
စည်းထားသောဆံပင်ကြားထဲသို့ လက်နှိုက်ပြီး အပေါ်ဆံပင်ကိုယူကာ အောက်သို့ဆွဲချပါမယ်။
ဘေးမှဆံပင်များကို အနည်းငယ်ဖွပေးရပါမယ်။
အတွင်းထည့်ဆံပင်လေး စည်းပြီးသွားပါပြီ။
ဘေးနှစ်ဖက်မှဆံပင်အနည်းငယ်ကို ယူပါမယ်။
ယူထားသောဆံပင်ကို အလယ်တွင်စုပြီးသားရေကွင်းဖြင့် စည်းပေးရပါမယ်။
2.အတွင်းထည့်ပြီး ဆံပင်စည်းပါမယ်။
စည်းထားသောဆံပင်ကိုအတွင်းသို့ လက်ချောင်းထည့်ပြီးအတွင်းသို့ ဆွဲချပါ။
ဆံပင်ကိုအတွင်းသို့ ဆွဲချပြီးသွားပါပြီ။
ဖဲပြားပုံစံ ခေါင်းစည်းကြိုးကိုယူပါမယ်။
ယူထားသောဖဲပြားခေါင်းစည်းကြိုးလေးဖြင့် ဆံပင်အားလုံးကို စုစည်းလိုက်ပါမယ်။