ပွဲလမ်းသဘင်တွေအတွက် ရည်ရွယ်၍ ဖော်ပြပေးထားတာဖြစ်လို့ လိုက်လုပ်ကြည့်ဖို့ အဆင်ပြေစေရန် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1.အပေါ်ဆံပင်ကို အရင်လုပ်ပါမယ်။
ရှေ့ဆံပင်ကို အနည်းငယ်ချန်၍ နောက်ဆံပင်ကို သားရေကွင်းဖြင့်စည်းပါ။
ရှေ့ဆံပင်အားလုံးကို ဘီးဖြင့်ခြစ်ပါ။
နောက်ဘက်သို့အားလုံးစုယူပါ။
ကလစ်ဖြင့်ထိန်းပါ။
2.ကျစ်ဆံမြှီးလေးများ အဆင့်ဆင့်ကျစ်သွားပါ။
နောက်ဆံပင်ကို အပိုင်းလေးပိုင်းခွဲပါ။
အပေါ်ဆံပင်ကို အနည်းငယ်ယူ၍ သုံးစခွဲပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
ဘေးမှဆံပင်အနည်းငယ်ကို ထပ်ယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
အဆင့်ဆင့်လုပ်ဆောင်ပါ။
3.ကျစ်သွားသော ဆံပင်လေးများကို ခေါက်တင်ပါ။
ခွဲထားသောဆံပင်အားလုံးကို ကျစ်ဆံမြှီးကျစ်သွားပါ။
ကျစ်ထားသော တစ်စကို ယူပါ။
ယူထားသောဆံပင်ကို အပေါ်သို့ယူ၍ ခေါက်ပါ။
ကလစ်ဖြင့်ထိုးပါ။
တစ်ခြားတစ်စကိုလဲ ခေါက်၍ကလစ်ဖြင့်ထိုးပါ။
4.ဆက်လက်လုပ်ဆောင်ပါ။
နောက်တစ်စကို ထပ်ယူပါ။
ခေါက်၍ ကလစ်ဖြင့်ထိုးပါ။
နောက်တစ်စကို ထပ်ယူပါ။
ခေါက်၍ ကလစ်ဖြင့်ထိုးပါ။
5.အယှက်ပုံစံလေးတွေ ဆက်လုပ်ပါ။
အပေါ်မှ ပိုသောဆံပင်ကို နှစ်စခွဲပါ။
တစ်စကို ယူ၍ခေါက်ပါ။
ကလစ်ဖြင့်ထိုးပါ။
နောက်တစ်ကိုယူ၍ ခေါက်ပါ။
ကလစ်ဖြင့်ထိုးပါ။
ဆံထိုးဖြင့်အလှဆင်ပါ။