ဆံပင်ရှည်တဲ့သူတွေအနေနဲ့ ဆံပင်ကို အမျိုးမျိုးလေးထွင်ပြီ လုပ်လို့ရပါတယ်နော် တဆင့်ချင်းစီ ပြပေးထားလို့ လိုက်လုပ်ကြည့်ပေးနော်။
1. အပေါ်ဆံပင်တစ်ဝက်ကို မုန့်ကြိုးလိမ်လေး လုပ်ပေးပါ။
အပေါ်ဆံပင်တစ်ဝက်ကို ယူပါ။
နှစ်စခွဲလိုက်ပါ။
နှစ်စကိုယူ၍ လိမ်လိုက်ပါ။
အဆုံးထိလိမ်သွားပါ။
2. ဆံထုံးပုံစံလေး ခွေပေးပါ။
မုန့်ကြိုးလိမ်ကိုခွေပေးပါ။
အဆုံးထိခွေ၍ ကလစ်ဖြင့်ထိုးပါ။
ပုံတွင်ပြထားသလိုလေး ဖြစ်သွားပါမယ်။
3.ကျန်ဆံပင်တစ်စနှင့် ဆံထုံးကို ပတ်ပါ။
ကျန်ဆံပင်ကို အလယ်မှ နှစ်ပိုင်းခွဲပါ။
တစ်ဖက်မှဆံပင်ကိုယူ၍ ဆန့်ကျင်ဘက်သို့ ပို့ပါ။
မုန့်ကြိုးလိမ်ဆံထုံးတွင် ပတ်၍ကလစ်ဖြင့်ထိုးပါ။
4.ကျစ်ဆံမြှီးကျစ်ပါမယ်။
ကျန်တစ်ဖက်မှ ဆံပင်ကို သုံးစခွဲပါ။
ကျစ်ဆံမြှီးကျစ်သွားပါ။
မုန့်ကြိုးလိမ်ဆံထုံးတွင် ပတ်ပါ။
ကလစ်ဖြင့်ထိုးပါ။
ဆံထိုးဖြင့်အလှဆင်ပါ။