အချိန်အများကြီးလည်းမပေးရပဲ ချစ်စရာကောင်း၍ လှပသောဆံပင်အသစ်လေးကို ပျိုမေလေးများအတွက် ဖော်ပြပေးချင်ပါတယ်။
1.ကျစ်ဆံမြှီးကျစ်ပါမယ်။
အရှေ့မှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို သုံးချောင်းခွဲပေးပါမယ်။
ခွဲထားသော ဆံပင်သုံးချောင်းကိုယူကာ ကျစ်ဆံမြှီးကျစ်ပါမယ်။
အဆုံးထိကျစ်ကာ သားရေကွင်းဖြင့် စည်းပါမယ်။
2.နှစ်ကြောင်းထိုးကျစ်ဆံမြှီးကျစ်ပါမယ်။
ဘေးနှစ်ဖက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူပါမယ်။
ယူထားသောဆံပင်တစ်ဖက်မှ ဆံပင်အနည်းငယ်ကို ပြန်ယူလိုက်ပါမယ်။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကို ပို့၍ပူးလိုက်ပါမယ်။
ပူးလိုက်သောဘက်မှဆံပင်အနည်းငယ်ကို ထပ်ယူပါမယ်။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကို ပို့၍ပြန်ပူးလိုက်ပါမယ်။
အပေါ်တွင်ပြထားသလို အဆုံးထိဆက်ကျစ်၍ သားရေကွင်းဖြင့် စည်းပါမယ်။
နောက်ဆုံးကျန်သောဆံပင်ကို ယူကာနှစ်ခြမ်းခွဲလိုက်ပါမယ်။
အပေါ်တွင်ပြထားသလို နှစ်ချောင်းထိုးကျစ်ဆံမြှီးကို အဆုံးထိကျစ်လိုက်ပါမယ်။
သားရေကွင်းဖြင့် စည်းပါမယ်။
3.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။