ဒီလိုလှလှလေး ထုံးဖွဲ့ဖို့အတွက် အဆင့်ဆင့်လေးပြပေးထားလို့ ၀င်လေ့လာပေးနော်။
1.နောက်ဆံပင်ကို ခပ်မြင့်မြင့်စုစည်းပါ။
ဆံပင်ကို နှစ်ပိုင်းခွဲ၍ နောက်ဘက်ကို အကုန်စုစည်းပါ။
ရှေ့ဆံပင်မှ အလယ်တစ်ဝက်ကို ဘီးဖြင့်ခြစ်ပါ။
ဆံပင်ကို နောက်သို့အကုန်စုယူပါ။
နောက်ဘက်စည်းထားသောနေရာနှင့်ကပ်လျှက်တွင် ကလစ်ဖြင့်ထိုးပါ။
2.ဘယ်ညာ အယှက်လေးလုပ်ပေးပါ။
ဘေးဘက်မှ ဆံပင်ကို ဘီးဖြင့်ခြစ်ပါ။
တစ်ဖက်ခြမ်းသို့ ပို့ပေးပါ။
ကပ်၍ကလစ်ဖြင့်ထိုးပါ။
တခြားတစ်ဖက်မှ ရှေ့ဆံပင်ကိုလဲ ဘီးဖြင့်ခြစ်ပါ။
တစ်ဖက်ခြမ်းသို့ ပို့ပေးပါ။
ကပ်၍ကလစ်ဖြင့်ထိုးပါ။
3.နောက်ဆံပင်အမြင့်လေးလုပ်၍ ဖြန့်ချပေးပါ။
စည်းထားသောဆံပင်ကို ရှေ့သို့ပို့၍ ရှေ့မှကလစ်ထိုးထားသော ဆံပင်နှစ်ချောင်းကို ယူပါ။
ဘီးဖြင့်ခြစ်ပါ။
စု၍ကလစ်ဖြင့်ထိုးပါ။
စည်းထားသောဆံပင်ကို နောက်သို့ဖြန့်ချပါ။
4.ငါးရိုးကျစ်ဆံမြှီးလေး ကျစ်ပေးပါ။
ဖြန့်ချထားသောဆံပင်မှ အနည်းငယ်ကိုယူပါ။
နှစ်စကိုယူ၍ ယှက်ပါ။
တစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူပါ။
တစ်ခြားတစ်ဖက်သို့ ပို့ပေးပါ။
နောက်တစ်ဖက်မှ ဆံပင်အနည်းငယ်ကိုထပ်ယူပါ။
တစ်ခြားတစ်ဖက်သို့ ပို့ပေးပါ။
5.အပြီးသတ် အလှဆင်ပါ။
အဆုံးထိကျစ်သွားပေးပါ။
သားရေကွင်းစည်းပေးပါ။
အဖျားကို အောက်ဘက်သို့ လိပ်ပေးပါ။
ကလစ်ဖြင့်ထိုးပေးပါ။
ပန်းများဖြင့်အလှဆင်ပါ။