ဆံပင်ထုံးရတာကို နှစ်သက်သောပျိုမေတို့အတွက် အနောက်တိုင်းဆန်ဆန် အလွယ်တကူထုံးလို့ရသော ထက်အောက်ပြောင်းပြန် ဆံပင်ထုံးနည်းလေးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။
1.အရှေ့ဆံပင်ကို ပုံတွင်ပြထားသည့်အတိုင်း နောက်သို့ လှန်၍စည်းပါ။
2.ဆံပင်အထုံးလေးတွေလုပ်ဖို့ ပထမအဆင့်ကိုစပါမယ်။
စည်းထားသော ဆံပင်၏အပေါ်ပိုင်းကို နှစ်ပိုင်းခွဲ၍ အောက်အမြှီးပိုင်းကို ထည့်ပါ။
3.အမြှီးပိုင်းကို ခွေပြီးအထက်သို့ပြန်ထိုးပါ။
အောက်အမြှီးပိုင်းကို ခွေပြီး နှစ်ပိုင်းခွဲထားသော အပေါက်ထဲသို့ အထက်သို့ ပြန်ထိုးပါ။
4.ခွေပြီးထွက်လာသော ဆံပင်ကိုပုံတွင်ပြထားသည့်အတိုင်းကားကားနဲ့ ဖောင်းဖောင်းလေး ဖြစ်အောင်လုပ်ပါ။
5.နောက်ထပ်ဘယ်ညာဆံပင်ကို အလယ်သို့ယူ၍ စုစည်းပါ။
6.အပေါ်ကအဆင့်လေးတွေအတိုင်းဆက်လက် လုပ်ဆောင်သွားပါ။
Step (2,3,4) အတိုင်းဆက်လက်လုပ်ဆောင်သွားပါ။
7.ဆံပင်ထူပြီးများလျှင် ၄ ထုံးလောက်ပဲထုံးပါ။ နည်းလျှင် ၃ထုံးပဲထုံးပါ။
8.Step (7) မှာ ဆံပင်အမြှီးပိုင်းလေးကျန်ခဲ့တာကိုတွေ့ပါလိမ့်မည်။
၃ထုံးမြောက်ဆံထုံးရဲ့ ဘယ်ဘက်ခြမ်းသို့ ပုံတွင်ပြထားသည့် အတိုင်း ခွေပြီးထည့်ပါ။