concealer ကိုဘယ်လိုအသုံးပြုမလဲ?

0

Description:မျက်နှာပေါ်မှာရှိတဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ပြီး မင်းသမီးလေးတစ်ယောက်လို မျက်နှာပြင် ညက်ညက်ညောညောလေးဖြစ်သွားအောင် concealerကိုအသုံးပြုပြီး ဖန်တီးကြည့်ရအောင်!
Concealer အသုံးပြုရခြင်းအကြောင်းအရင်းမှာ မျက်ကွင်းညိုသူများနှင့် မျက်နှာပြင်တစ်ဝိုက် ၀က်ခြံနှင့်အမည်းစက်အမာရွက်များရှိလျှင် ဖုံးကွယ်ခြင်းကိုဆိုလိုခြင်းဖြစ်ပါသည်။

မိတ်ကပ်မလိမ်းခင် Concealer ကိုအရင်အသုံးပြုပါမယ်။

concealer အသုံးပြုတော့မည်ဆိုလျှင် ကိုယ့်အသားအရည်နှင့် လိုက်ဖက်မည့် အရောင်ကိုရွေးသုံးသင့်ပါတယ်။ အဲ့ဒါကတော့ အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။
ပုံတွင်ပြထားသည့်အတိုင်းမျက်ရစ်အောက်ဘက်ပိုင်းမျက်ကွင်းညှိနေသောနေရာများကိုလိမ်းပါမည်။
Concealer ကိုစတင်အသုံးပြုပါမည်။

Concealer ဖြန့်၍လိမ်းရာတွင် ဘယ်မှညာသို့ ၀ှိုက်၍လိမ်းပါမည်။
ပုံတွင်ပြထားသည့်အတိုင်းမျက်ရစ်အောက်လိုင်းအထိထိအောင်လိမ်းပါမည်။
အစက်ချထားသောနေရာများကို concealer ဖြန့်၍လိမ်းပါမည်။
အစက်ချထားသောနေရာများကို concealer ဖြန့်၍လိမ်းပါမည်။

Concealer အသုံးပြုထားသောနေရာတစ်ဝှိုက်ကို ဖော့ဖြင့်တဖြည်းဖြည်းဖိသွားပါ။ အသားထဲစိမ့်ဝင်သွားသည်အထိဖိပါ။
Sponge (ဖော့) ကိုအသုံးပြုပါမည်။
Sponge (ဖော့) ကိုအသုံးပြုပါမည်။

မျက်လုံးထောင့်ဘက်နှင့် မျက်ခွံပေါ် ညှိနေသောနေရာကို Concealer ထပ်တင်ပြီးဖော့နှင့်ဖိပါ။ တစ်ပြေးညီတည်းဖြစ်အောင် Concealer ကိုဖော့ဖြင့်ညှိပါ။
ပုံတွင်ပြထားသည့် အတိုင်းမျက်လုံးထောင့်ဘက်နှင့် မျက်ခွံပေါ်ကိုပါ Concealer ထပ်သုံးပါမည်။

Concealer အသုံးပြုထားသောဘက်နှင့် အသုံးမပြုထားသောဘက် ကွာခြားနေသည်ကိုပုံတွင်မြင်တွေ့နိုင်ပါသည်။
Before & After ပုံလေးကို နှိုင်းယှဉ်ပြီးကြည့်ကြည့်ပါ။

MAYBELLINE PURE CONCEALER MINERAL 02
MAYBELLINE PURE CONCEALER MINERAL 02