မိုးရာသီအတွက် အထူးသင့်တော်တဲ့ ဆံပင်ပုံစံလေးကို ပျိုမေများအတွက် အလွယ်တကူစည်းလို့ရအောင် တင်ပြလိုက်ပါတယ်။
1.ကျစ်ဆံမြှီးစကျစ်ပါမယ်။
အလယ်ဆံပင်မှ ဆံပင်အနည်းငယ်ကိုယူပြီး သားရေကွင်းဖြင့်စည်းပါမယ်။
ဘေးတစ်ဖက်မှဆံပင်အနည်းငယ်ကိုယူပြီး သုံးချောင်းခွဲပါမယ်။
ခွဲထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမယ်။
အဆုံးထိကျစ်ပြီးသားရေကွင်းဖြင့် ချည်ပါမယ်။
ကျစ်ထားသောဆံပင်ကို ဖွပေးရပါမယ်။
တစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်းကျစ်ပြီး သားရေကွင်းဖြင့်ချည်ပါမယ်။
ဘေးနှစ်ဖက်မှ ကျစ်ထားသောဆံပင်ကို ယူပါမယ်။
ယူထားသောဆံပင်ကို အလယ်မှာစုပြီးသားရေကွင်းဖြင့် ချည်ပါမယ်။
2.ကျစ်ဆံမြှီးဆံပင်စည်းပါမယ်။
အောက်မှကျန်နေသော ဆံပင်ကို ကျစ်ဆံမြှီးကျစ်ပေးရပါမယ်။
ကျစ်ထားသောဆံပင်ကို သားရေကွင်းဖြင့်ချည်ပေးရပါမယ်။
ကျစ်ထားသောဆံပင်ကို ဖွပေးရပါမယ်။
3.fancy ဖြင့် အလှဆင်ပါမယ်။
အလယ်မှစုစည်းထားသော နေရာသို့ fancy ဆံထိုးဖြင့် ထိုးပါမယ်။