ပွဲအတွက် ရည်ရွယ်ပြီ ထုံးဖွဲ့ထားတာဖြစ်လို့ ဆံပင်ကိုလေ့လာသင်ယူနေသော ညီမငယ်လေးများ အတွက်အဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်နော်။
1.French Roll အရင်လုပ်ပါမယ်။
ရှေ့ဆံပင်အနည်းငယ်ကိုချန်၍ နောက်ဆံပင်အားလုံးကို စုယူပါ။
ဆံပင်ကို တစ်ပတ်လျှိုလိမ်ပေးပါ။
လိမ်ထားသော ဆံပင်ကို ကလစ်ဖြင့်ထိုးပါ။
ပိုသောဆံပင်ကို ခွေပေးပါ။
ကလစ်ဖြင့်ထိုးပါ။
2.ဘယ်ဘက်မှ ရှေ့ဆံပင်ကို လုပ်ပါမယ်။
ရှေ့ဆံပင်အနည်းငယ်ကိုယူ၍ ဘီးဖြင့်ခြစ်ပါ။
ယူထားသောဆံပင်ကို နောက်သို့ဆွဲယူပါ။
လိမ်ထားသောဆံပင်ကို အုပ်၍ ခွေပေးပါ။
ကလစ်ဖြင့်ထိုးပါ။
3.ညာဘက်မှ ရှေ့ဆံပင်ကို အရင်လုပ်ပါမယ်။
ညာဘက်မှ ရှေ့ဆံပင်ကို နှစ်စခွဲ၍ တစ်စကို ယူပါ။
ယူထားသောဆံပင်ကို ဆံထုံးပေါ်သို့ အုပ်ယူ၍ ခွေပေးပါ။
ကလစ်ဖြင့်ထိုးပါ။
4.ရှေ့ဆံပင်ကို အလှလုပ်ပါမည်။
ကျန်တစ်စကို ထပ်ယူ၍ ခေါက်ပေးပါ။
ယူထားသောဆံပင်ကို ဆံထုံးပေါ်သို့ အုပ်ယူ၍ ခွေပေးပါ။
ကလစ်ဖြင့်ထိုးပါ။