ပြုလုပ်တဲ့အခါမှာလည်း အခက်အခဲမရှိရလေအောင် Dolly ကပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးထားပါတယ်။
1.ဆံပင်ကိုစည်းပါမယ်။
ဘေးနှစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူကာ သားရေကွင်းဖြင့် စည်းပါမယ်။
ကွင်းတံကိုအသုံးပြုပါမယ်။
ကွင်းတံကိုစည်းထားသောဆံပင် ဘေးတစ်ဖက်တွင် စိုက်လိုက်ပါမယ်။
ဘေးဖက်မှဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ကွင်းတံထဲသို့ ထည့်လိုက်ပါမယ်။
ကွင်းတံကိုဆွဲထုတ်လိုက်ပါမယ်။
ဆွဲထုတ်ထားသောဆံပင်ကို အပေါ်ကိုလျှော့တင်လိုက်ပါမယ်။
ကွင်းထဲသို့ လက်ကိုနှိုက်ကာ အစကို ပြန်ဆွဲယူပါမယ်။
အစကိုဆွဲထုတ်လိုက်ပါမယ်။
2.ကျစ်ဆံမြှီးကျစ်ပါမယ်။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ဖော်ပြထားသလို ပြုလုပ်ပါမယ်။
ဆွဲထုတ်လိုက်သောဆံပင်အစနှစ်ဖက်ကိုပူးကာ အတွင်းဖက်တွင် သားရေကွင်းဖြင့်စည်းပေးပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို သုံးချောင်းခွဲလိုက်ပါမယ်။
ကျစ်ဆံမြှီးကျစ်၍ သားရေကွင်းဖြင့်စည်းပါမယ်။
ကျစ်ထားသော ဆံပင်ကိုဖွပေးပါမယ်။
နောက်တစ်ဖက်မှ ဆံပင်ကိုလည်းကျစ်ဆံမြှီးကျစ်၍ သားရေကွင်းစည်းကာ ဖွပေးရပါမယ်။
3.ဘီးကုပ်ပုံစံလုပ်ပါမယ်။
ကျစ်ဆံမြှီးတစ်ချောင်းကိုယူကာ အရှေ့ဘက်နားတွင် ဘီးကုပ်ပုံဖြစ်အောင်တင်လိုက်ပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
နောက်တစ်ဖက်မှဆံပင်ကိုလည်း အပေါ်ကိုတင်ပေးပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
အနောက်တွင်ကျန်သော ဆံပင်အားလုံးကိုစုကာ သားရေကွင်းဖြင့် စည်းပါမယ်။
4.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာခေါင်းစည်းကြိုးဖြင့် အလှဆင်နိုင်ပါတယ်။