ပြုလုပ်ရလွယ်ကူပြီး အလွန်လှပသောဆံထုံးပုံစံလေးကို အန်တီမမများ အလွယ်တကူပြုလုပ်နိုင်အောင် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
1.ဆံပင်ကိုစည်းပါ။
အရှေ့မှဆံပင်အနည်းငယ်ကိုယူ၍ အနောက်တွင်သရေကွင်းဖြင့်စည်းပါမည်။
ဒိုးနတ်ကွင်းကိုယူပါမည်။
ဒိုးနတ်ကွင်းကို စည်းထားသောဆံပင်အောက်တွင်ကပ်၍ ကလစ်ဖြင့်ထိုးပါမည်။
2.ဆံပင်ကိုလိမ်ပါ။
အောက်တွင်ကျန်သောဆံပင်ကို နှစ်ခြမ်းခွဲပါမည်။
ဆံပင်ကို ဟိုဘက်ဒီဘက်ကိုင်၍ လိမ်လိုက်ပါမည်။
နောက်တစ်ဖက်ကိုလည်း လိမ်လိုက်ပါမည်။
3.ဆံထုံးထုံးပါ။
အပေါ်တွင်စည်းထားသော ဆံပင်၏အလယ်လောက်ကို သရေကွင်းဖြင့်စည်းပါမည်။
စည်းထားသောဆံပင်ကို ဒိုးနတ်ကွင်းအပေါ်ကို အုတ်၍တင်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
4.ဆံပင်ကိုပတ်ပါ။
အောက်တွင်ကျန်သော အစကိုလိမ်၍ သရေကွင်းဖြင့်စည်းပါမည်။
ဆံထုံးအပေါ်ကို ပတ်တင်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
လိမ်ထားသောဆံပင်တစ်ချောင်းကို ယူလိုက်ပါမည်။
ဆံထုံးပေါ်ကိုပတ်တင်၍ ကလစ်ဖြင့်ထိုးပါမည်။
လိမ်ထားသောဆံပင်နောက်ထပ်တစ်ချောင်းကို ယူလိုက်ပါမည်။
ဆံထုံးပေါ်ကိုပတ်တင်၍ ကလစ်ဖြင့်ထိုးပါမည်။