အချိန်အများကြီးလည်းမပေးရပဲ ပြုလုပ်ပုံအဆင့်ဆင့်ကို ကြည့်၍ကိုယ်တိုင်ပြုလုပ်နိုင်သော ဆံထုံးပုံစံအသစ်လေးကို ဖော်ပြပေးချင်ပါတယ်။
1.ဆံပင်ကိုလိမ်ပါမယ်။
ဘေးတစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
နောက်တစ်ဖက်မှလည်း ဆံပင်အနည်းငယ်ကိုထပ်ယူပါမယ်။
ယူထားသောဆံပင်ကို အနောက်တွင် သားရေကွင်းဖြင့်စည်းပါမယ်။
ကွင်းတံကိုအသုံးပြုပါမယ်။
ကွင်းတံကိုစည်းထားသော ဆံပင်အလယ်တွင်စိုက်ကာ ကွင်းထဲသို့ဆံပင်ကိုထည့်လိုက်ပါမယ်။
ကွင်းတံကိုဆွဲထုတ်လိုက်ပါမယ်။
2.ဆံထုံးထုံးပါမယ်။
ကျန်သောဆံပင်အားလုံးကိုစု၍ အနောက်တွင်သားရေကွင်းဖြင့် စည်းပါမယ်။
ဒိုးနတ်ကွင်းကို အသုံးပြုပါမယ်။
ဒိုးနတ်ကွင်းကို အပေါ်တွင်လိမ်ထားသောဆံပင်နှင့် သားရေကွင်းစည်းထားသောကြားတွင် ကပ်၍ကလစ်ဖြင့်သေချာထိုးပါမယ်။
အောက်တွင်ကျန်သောဆံပင်ကို အပေါ်ကိုလှန်တင်၍ သားရေကွင်းဖြင့်စည်းပါမယ်။
ပိုနေသောဆံပင်ကို အတွင်းထဲသို့ ခေါက်ထည့်လိုက်ပါမယ်။
ဆံပင်ကိုဖြန့်၍ ဒိုးနတ်ကွင်းကို အုပ်ပေးပါမယ်။
ကလစ်ဖြင့်သေချာထိုးပေးပါမယ်။
3.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။