အချိန်အများကြီးမပေးရအောင် Dolly ကပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးထားပါတယ်။
1.ဆံပင်ကိုစည်းပါမယ်။
ဘေးနှစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူကာ သရေကွင်းဖြင့်စည်းပါမယ်။
ကွင်းတံကိုအသုံးပြုပါမယ်။
ကွင်းတံကိုစည်းထားသောဆံပင် ဘေးတစ်ဖက်တွင် စိုက်လိုက်ပါမယ်။
ဘေးဖက်မှဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ကွင်းတံထဲသို့ ထည့်လိုက်ပါမယ်။
ကွင်းတံကိုဆွဲထုတ်လိုက်ပါမယ်။
ဆွဲထုတ်ထားသောဆံပင်ကို အပေါ်ကိုလျှော့တင်လိုက်ပါမယ်။
ကွင်းထဲသို့ လက်ကိုနှိုက်ကာ အစကို ပြန်ဆွဲယူပါမယ်။
အစကိုဆွဲထုတ်လိုက်ပါမယ်။
2.ဆံပင်ကိုစည်းပါမယ်။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ဖော်ပြထားသလို ပြုလုပ်ပါမယ်။
ဆွဲထုတ်လိုက်သောဆံပင်အစနှစ်ဖက်ကိုပူးကာ အတွင်းဖက်တွင် သရေကွင်းဖြင့်စည်းပေးပါမယ်။
အပေါ်တွင်ကျန်သော ဆံပင်ကိုနှစ်ခြမ်းခွဲပေးပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကို ထပ်ယူပါမယ်။
ဘေးမှယူထားသောဆံပင်ကို နှစ်ခြမ်းခွဲကာ အလယ်မှဆံပင်ကိုလည်းယူပါမယ်။
သုံးချောင်းကိုပူးကာ ကျစ်ဆံမြှီးကျစ်ပါမယ်။
အလယ်လောက်ထိကျစ်ကာ သရေကွင်းဖြင့်စည်းပါမယ်။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလို လုပ်ပါမယ်။
အနောက်တွင် ကျစ်ဆံမြှီးနှစ်ချောင်းကို ပူး၍သရေကွင်းစည်းပါမယ်။
3.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။