ကိုယ်တိုင်လုပ်လို့လဲ ရသလို သူများကိုထုံးပေးလဲ အရမ်းလှပြီး ကျက်သရေရှိတဲ့အတွက် ချစ်စစ်လေးတွေ အဆင့်ဆင့် လိုက်လုပ်ကြည့်ပေးနော်။
1.ရှေ့ဆံပင်ကို ဘေးခွဲ၍ နောက်ဆံပင်ကို စုစည်းပါ။
နားနောက်မှနှစ်ပိုင်းခွဲ၍ နောက်ဘက်မှ ဆံပင်ကို တစ်စောင်းစည်းပါ။
ရှေ့ဆံပင်ကို ဘေးခွဲပါ။
ဆံပင်နည်းတဲ့ဘက်မှ ဆံပင်ကို အရင်ယူပါ။
စည်းထားသောဆံပင်ကို အုပ်၍ ကလစ်ဖြင့်ထိုးပါ။
2.ညာဘက်ခြမ်းမှ ဆံပင်အကုန်ကို ကျစ်ဆံမြှီး ဆွဲကျစ်ပေးပါ။
ဆံပင်များတဲ့ဘက်မှ ရှေ့ဆံပင်အနည်းငယ်ကို ယူပါ။
ကျစ်ဆံမြှီးစကျစ်ပါ။
ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
ကျစ်ထားသောဆံပင်ကြားထဲသို့ ထည့်ပါ။
ဆက်ကျစ်ပါ။
ရှေ့ဘက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
ကျစ်ထားသောဆံပင်ကြားထဲသို့ ထည့်ပါ။
ဆက်ကျစ်ပါ။
3.ကျစ်ဆံမြှီးအစကို နောက်ဘက်တွင် စုစည်းပါ။
ဆံပင်ကုန်သည်အထိ ကျစ်သွားပါ။
ကျစ်ထားသောဆံပင်ကို စည်းထားသောဆံပင်တွင် ပတ်ပါ။
ကလစ်ဖြင့်ထိုးပါ။
4.ကျန်ဆံပင်ကို တစ်ပတ်လျှိုဆံထုံး ထုံးပေးပါ။
စည်းထားသောဆံပင်ကို လက်ဖြင့်လျှို၍ လိမ်လိုက်ပါ။
တစ်ပတ်လျှိုပုံစံ လုပ်၍ ပိုသောအစကို အတွင်းထဲသို့ ထည့်ပါ။
ပုံတွင် ပြထားသလိုလေးထားပါ။
ကလစ်ဖြင့်ထိုးပါ။
ပန်းဖြင့်အလှဆင်ပါ။