ခြယ်သရတာလည်း မခက်ခဲတဲ့ပုံစံမျိုးကို ဖော်ပြပေးထားတဲ့အတွက် ပျိုမေလေးတွေကလည်း လိုက်လုပ်ကြည့်ကြပါလို့ ပြောချင်ပါတယ်ရှင်။
1.မျက်လုံးကိုခြယ်ပါမယ်။
ပထမဆုံးမျက်လုံးကို Eyeshadow ခြယ်တဲ့အခါ ညီညာပြီးလှပစေဖို့အတွက် မျက်လုံးအစွန်ကို တိပ်ဖြင့်ကပ်လိုက်ပါမယ်။
Basic colour အနေနဲ့ အညိုရောင်လေးကိုသုံးပေးပါမယ်။
Eyeshadow Brush ကိုအသုံးပြုကာ မျက်ခွံအပြည့်ကို ခြယ်သပေးပါမယ်။
နောက်တစ်ဆင့်အနေနဲ့ Shimming ပါသောအညိုရောင်ကို အသုံးပြုပါမယ်။
ထိုကာလာကို မျက်ခွံအပေါ်နှင့် အောက်မျက်ခမ်းတွင် ခြယ်ပေးရပါမယ်။
မျက်လုံးအလှကို ပိုမိုပေါ်လွင်စေဖို့အတွက် Eyeliner ကိုဆိုးပေးရပါမယ်။
နောက်တစ်ဆင့်အနေနဲ့ Mascara ကိုအသုံးပြုပေးပါမယ်။