ဆံပင်ပုံစံရိုးရိုးလေးနဲ့ မိုးရာသီနဲ့လိုက်ဖက်အောင် စည်းဖွဲ့ထားပုံလေးကို ပျိုမေများအလွယ်တကူစည်းနိုင်စေရန် တင်ပြလိုက်ပါတယ်။
1.ဆံပင်ကို စလိမ်ပါမယ်။
ရှေ့ဆံပင်တစ်စကို ယူလိုက်ပါမယ်။
ယူထားသောဆံပင်ကို လိမ်ပေးရပါမယ်။
လိမ်ထားသောဆံပင်အနောက်မှဆံပင်တစ်စကို ထပ်ယူလိုက်ပါ။
ယူထားသောဆံပင်ကိုလဲ လိမ်ပေးရပါမယ်။
ရှေ့မှလိမ်ထားသောဆံပင်နဲ့ နောက်မှလိမ်ထားသောဆံပင်ကို ပူးလိမ်ပီး ပွမသွားစေရန် ကလစ်ဖြင့်ညှပ်ပါ။
တစ်ဖက်ကိုလဲ ရှေ့နည်းအတိုင်း လိမ်ပေးရပါမယ်။
ရှေ့မှလိပ်ထားသောဆံပင်နှင့်နောက်ဆုံးလိပ်ထားသောဆံပင်ကို ပူးပီး သားရေကွင်းဖြင့်ချည်ပေးပါ။
2.ကျစ်ဆံမြှီးစကျစ်ပါမယ်။
အောက်မှကျန်သောဆံပင်အားလုံးကို သားရေကွင်းဖြင့် စုစည်းလိုက်ပါမယ်။
ဆံပင်အတွင်းထည့် ကွင်းတံလေးကိုယူပါမယ်။
ကွင်းလေးဖြင့် ဆံပင်ကိုအတွင်းထဲသို့ထည့်ပါမယ်။
ဆံပင်ကို် အောက်သို့ ဆွဲချလိုက်ပါမယ်။
ဆံပင်အလှဆင်fancy လေးများယူပါမယ်။
အရင်ဆုံး ပုလဲခေါင်းစည်းကြိုးလေးဖြင့်ချည်ပေးပါမယ်။
စည်းထားသောအောက်မှ ဆံပင်သုံးချောင်းကိုယူပါမယ်။
ကျစ်ဆံမြှီးကျစ်ပြီး ဖွပေးရပါမယ်။
ဆံပင်အဆုံးထိကျစ်ပြီး သားရေကွင်းဖြင့်ချည်ပါ။
3.ပြီးပြည့်စုံသွားပါပြီ။
ကျစ်ဆံမြှီး အပွဆံပင်စည်းနည်းလေး ပြီးသွားပါပြီ။