ကိုယ်တိုင်လုပ်လိုတဲ့ ချစ်စစ်တို့အတွက် အဆင့်ဆင့်လေး ပြပေးထားလို့ ၀င်လေ့လာပေးနော်။
1.ရှေ့ဆံပင်အရင်လုပ်ပါ။
ရှေ့ဆံပင်တစ်ဝက်ကို ယူပါ။
သားရေကွင်းဖြင့်စုစည်းပါ။
နှစ်စခွဲပါ။
2.ငါးရိုးတစ်ဝက်ကျစ်ပါမယ်။
ညာဘက်အစမှ ဆံပင်နည်းနည်းကိုယူပါ။
တစ်ဖက်သို့ပို့ပါ။
ဘယ်ဘက်အစမှ ဆံပင်နည်းနည်းကိုယူပါ။
တစ်ဖက်သို့ပို့ပါ။
ညာဘက်အစမှ ဆံပင်နည်းနည်းကိုယူပါ။
တစ်ဖက်သို့ပို့ပါ။
3.ကျစ်ထားသောဆံပင်နှင့် ဘေးဆံပင်ကို ပေါင်းပါ။
လက်သုံးလုံးစာလောက် ကျစ်သွားပါ။
ညာဘက်ရှေ့ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
ဘယ်ဘက်မှဆံပင်အစနှင့် ရောကိုင်ပါ။
ဘယ်ဘက်ရှေ့ဆံပင်အနည်းငယ်ကို ဆွဲယူပါ။
ညာဘက်မှဆံပင်အစနှင့် ရောကိုင်ပါ။
စု၍သားရေကွင်းဖြင့် စည်းပါ။
အစလေးများကို ဖွပေးပါ။
ပုံတွင်ပြထားသလိုလေး ဖြစ်သွားပါမယ်။
4.ဆက်လက်လုပ်ဆောင်ပါ။
နောက်ထပ်တစ်ဝက်ကိုလဲ ဆက်ကျစ်ပါ။
ဘေးမှ အစနှစ်ဖက်ကို ယူပါ။
အားလုံးကိုစု၍ သားရေကွင်းဖြင့်စည်းပါ။
ပန်းများဖြင့်အလှဆင်ပါ။