ရှေးနန်းတွင်းအ၀တ်အစားလေးတွေနဲ့ photo ရိုက်ချင်တဲ့ ချစ်တို့အတွက် တင်ဆက်ပေးတာဖြစ်ပေမယ့် ဧည့်ခံပွဲတွေမှာလဲ ထုံးဖွဲ့လို့အဆင်ပြေပါတယ်နော်။
1.ထိပ်ဘက်တွင် ဆံထုံးကိုအရင်လုပ်ပါ။
ဆံပင်ကို ထိပ်တည့်တည့်တွင် စု၍သားရေကွင်းဖြင့်စည်းပါ။
ဆံပင်ကို နှစ်စခွဲ၍ ကျန်အနည်းငယ်ကို ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသောဆံပင်ကို စုလိုက်ပါ။
ကလစ်ဖြင့်ထိုးပါ။
2.ရှေ့မှဆံပင်ကို အနည်းငယ်စီယူ၍ ဆံထုံးတွင် ပတ်သွားပါ။
ကျန်တစ်စကိုရှေ့သို့ချ၍ ကလစ်များဖြင့်ထိုးထားပါ။
ကလစ်ထိုးထားသော ဆံပင်မှ ဘေးအစကိုဆန့်ကျင်ဘက်သို့ ယူပါ။
ခြစ်ထားသောဆံထုံးတွင် ပတ်၍ကလစ်ဖြင့်ထိုးပါ။
တစ်ဖက်မှ ဆံပင်ကိုယူ၍ အခြားဆန့်ကျင်ဘက်သို့ ပို့ပေးပါ။
ကလစ်ဖြင့်ထိုးပါ။
3.အဆင့်ဆင့်လုပ်ဆောင်၍ အလှဆင်ပါ။။
နောက်တစ်စကိုလဲ ယူ၍ဆန့်ကျင်ဘက်သို့ ပို့ပါ။
ဆံထုံးတွင် ပတ်၍ကလစ်ဖြင့်ထိုးပါ။
အလယ်မှ ကျန်သောဆံပင်ကို နောက်ဘက်သို့ဆွဲယူပါ။
ဆံထုံးတွင် အုပ်၍ကလစ်ဖြင့်ထိုးပါ။
Fancy လေးများဖြင့်အလှဆင်ပါ။