ဆံပင်ရှည်သောသူများအတွက် ရည်ရွယ်ကာထုံးဖွဲ့နည်းကို အန်တီမမများ အလှပဆုံးထုံးဖွဲ့နိုင်ရန် Dolly ကထုံးဖွဲ့ပုံအဆင့်ဆင့်ကို ဖော်ပြပေးချင်ပါတယ်ရှင်။
1.ဆံပင်ကိုစည်းပါမယ်။
ဆံပင်အားလုံးကို အနောက်တွင်စုကာ သရေကွင်းဖြင့်စည်းပါမယ်။
ပထမစည်းထားသောနေရာမှ လက်လေးလုံးလောက်အကွာတွင် သရေကွင်းဖြင့် ထပ်စည်းလိုက်ပါမယ်။
စည်းထားသောဆံပင်ကို အပေါ်ကိုမတင်လိုက်ပါမယ်။
ဒိုးနတ်ကွင်းကို အသုံးပြုပါမယ်။
ဒိုးနတ်ကွင်းကိုစည်းထားသော သရေကွင်းအပေါ်တွင် အုပ်လိုက်ပါမယ်။
ကလစ်ဖြင့်သေချာထိုးပေးပါမယ်။
2.ဆံထုံးထုံးပါမယ်။
အပေါ်မှဆံပင်ကို ဒိုးနတ်ကွင်းပေါ်သို့ လှန်ချလိုက်ပါမယ်။
ဖြန့်ချထားသောဆံပင်ကို ဒိုးနတ်ကွင်းကို အုပ်လိုက်ကာ သရေကွင်းဖြင့် စည်းပေးပါမယ်။
ကျန်သောဆံပင်ကို သုံးချောင်းခွဲပေးပါမယ်။
သုံးချောင်းကိုပူး၍ ကျစ်ဆံမြှီးကျစ်၍ သရေကွင်းဖြင့်စည်းပါမယ်။
ကျစ်ထားသောဆံပင်ကို အတွင်းဘက်ကို ခေါက်ထည့်လိုက်ပါမယ်။
ဆံထုံးကို သေချာဖြန့်ပေးပါမယ်။
ကလစ်ဖြင့်သေချာထိုးပေးပါမယ်။
ဘေးဘက်မှ ဆံပင်တွေကိုလည်းဖြန့်ကာ ကလစ်ဖြင့်ထိုးပေးပါမယ်။
3.အလှဆင်ပါမယ်ရှင်။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်ရှင်။