လွယ်ကူစွာထုံးဖွဲ့လို့ ရသည့်အတွက် ချစ်sisတို့ လိုက်လုပ်ရ လွယ်စေရန် Step By Step ဖော်ပြပေးထားပါတယ်။
1.အပေါ်ဆံပင်တစ်ဝက်ကို အဖောင်းလုပ်ပါ။
ဆံပင်ကို နှစ်ပိုင်းခွဲထားပါ။
နောက်ဘက်မှ ဆံပင်တစ်ဝက်ကို ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသောဆံပင်ကို နောက်သို့ ဘီးဖြင့်သပ်ရပ်အောင် လုပ်ပေးပါ။
ဖောင်းဖောင်းလေးဖြစ်အောင် လုပ်၍စုပြီးကလစ်ဖြင့်ထိုးပါ။
2.ဘယ်ဘက်မှ ဆံပင်ကို ကျစ်ဆံမြှီး ဆွဲကျစ်ပါ။
ဘေးဘက်မှ ဆံပင်ကို ယူပါ။
ကျစ်ဆံမြှီးကျစ်ပေးပါ။
ဘေးဘက်မှ ဆံပင်ကို ဆွဲယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
ဘေးဘက်မှ ဆံပင်ကို ထပ်ဆွဲယူပါ။
ကျစ်ထားသောဆံပင်နှင့်ပေါင်းပါ။
အဆုံးထိကျစ်သွားပါ။
3. ပထမကျစ်သည့်အတိုင်း ဆက်လုပ်ပါ။
ညာဘက်မှ ဆံပင်ကို နှစ်ပိုင်းထပ်ခွဲပါ။
ရှေ့ခြမ်းကို ဘဲညှပ်ညှပ်၍ နောက်ဘက်ကို ယူပါ။
ပထမလုပ်ထားသည့်အတိုင်း အဆုံးထိကျစ်သွားပါ။
4.မျက်နှာနှင့်လိုက်ဖက်သည့် ရှေ့ဆံပင်ကို လုပ်ပေးပါ။
ရှေ့မှ ချန်ထားသော ဆံပင်ကို ယူပါ။
နဖူးပေါ်နဲနဲချ၍ နောက်ပိုင်းကို လိမ်သွားပါ။
ကလစ်ဖြင့်ထိုးပါ။
ပိုသောအစကို ခွေ၍ကလစ်ဖြင့်ထိုးပါ။
5.ဟိုဘက် ဒီဘက်ယှက်၍ အပြီးသက် အလှဆင်ပါ။
ပထမလုပ်ထားသော ဘယ်ဘက်မှ ကျစ်ဆံမြှီးကို တစ်ဖက်သို့ပို့၍ ကလစ်ဖြင့်ထိုးပါ။
တစ်ဖက်တွင် ခေါက်၍ ကလစ်ဖြင့်ထိုးပါ။
နောက်တစ်ခုကို ပထမကျစ်ဆံမြှီးပေါ်မှ အုပ်၍ကလစ်ဖြင့်ထိုးပါ။
ပိုသောအစကို အတွင်းသို့ ခေါက်ထည့်၍ ကလစ်ဖြင့်ထိုးပါ။
ပန်းခေါင်းစည်းလေးဖြင့်အလှဆင်ပါ။