အချိန်အများကြီးလည်း မပေးရပဲ လူတိုင်းနှင့်လိုက်ဖက်မှုရှိသော ဆံပင်ပုံအသစ်လေး ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးချင်ပါတယ်ရှင်။
1.ဆံပင်ကိုယှက်ပေးပါမယ်။
အရှေ့မှဆံပင်အနည်းငယ်ကို ယူကာအနောက်တွင် သရေကွင်းဖြင့် စည်းပေးပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါမယ်။
ယူထားသောဆံပင်နှင့် သရေကွင်းစည်းထားသောဆံပင်ကို အုပ်၍ကလစ်ဖြင့်ထိုးပါမယ်။
နောက်တစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူကာ သရေကွင်း စည်းထားသော ဆံပင်ကို အုပ်ပါမယ်။
ကလစ်ဖြင့်ထိုးပါမယ်။
2.ကျစ်ဆံမြှီးကျစ်ပါမယ်။
ကျန်သောဆံပင်ကို သုံးချောင်းခွဲလိုက်ပါမယ်။
သုံးချောင်းကို ပူးကာကျစ်ဆံမြှီးကျစ်၍ သရေကွင်းဖြင့်စည်းပါမယ်။
ကျစ်ဆံမြှီးကိုဖွပေးပါမယ်။
တစ်ချောင်းလုံးကို ဖွပြီးပြီဖြစ်ပါတယ်။
3.ဆံထုံးထုံးပါမယ်။
ကျစ်ထားသောကျစ်ဆံမြှီးကို အပေါ်ကိုခေါက်တင်လိုက်ပါမယ်။
ကလစ်ထိုးထားသောဆံပင်နားတွင် ကပ်လိုက်ပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
4.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာပန်းဖြင့် အလှဆင်နိုင်ပါတယ်။