ပြုလုပ်ရတာလည်း မခက်ခဲပဲလူတိုင်းနှင့်လည်း လိုက်ဖက်မှုရှိသော ဆံပင်စည်းနည်းအသစ်လေးကို ညီမလေးများအတွက် ဖော်ပြပေးချင်ပါတယ်။
1.ဆံပင်ကိုကျစ်ပါမယ်။
ဘေးနှစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူကာ အနောက်တွင်သရေကွင်းဖြင့်စည်းပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကို ထပ်ယူပါမယ်။
သုံးချောင်းခွဲပေးပါမယ်။
ကျစ်ဆံမြှီးကျစ်၍ သရေကွင်းဖြင့်စည်းပါမယ်။
ကျစ်ဆံမြှီးကို ဖွပေးပါမယ်။
နောက်တစ်ဖက်ကိုလည်း ကျစ်ဆံမြှီးကျစ်၍ သရေကွင်းဖြင့်စည်းပါမယ်။
2.ဆံပင်ကိုလိမ်ပါမယ်။
ကျစ်ဆံမြှီးနှစ်ချောင်းကိုယူကာ အနောက်တွင်သရေကွင်းဖြင့်စည်းပါမယ်။
ကွင်းတံကိုအသုံးပြုပါမယ်။
ကွင်းတံကိုစည်းထားသော ဆံပင်အလယ်တွင်စိုက်ကာ ကွင်းထဲသို့ကျစ်ဆံမြှီးကို ထည့်လိုက်ပါမယ်။
ကွင်းတံကိုဆွဲထုတ်လိုက်ပါမယ်။
ဆွဲထုတ်လိုက်သော အစနှစ်ဖက်ကိုယူပါမယ်။
ယူထားသောအစနှစ်ဖက်ကို ပူးကာသရေကွင်းဖြင့်စည်းပါမယ်။
ပိုနေသောအစကိုယူကာ ကျန်သောဆံပင်အားလုံးကိုစု၍ ပတ်လိုက်ပါမယ်။
ကျန်သောအစကိုဆက်၍ ပတ်ကာသရေကွင်းဖြင့်စည်းပါမယ်။
3.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။