ဆံပင်ကို လိမ်ပြီးအပွလေးများဖြစ်အောင် ဖွပေးရတာ အရမ်းကြီါ် မခက်ခဲပါဘူးနော် လိုက်လုပ်ကြည့်ဖို့ အဆင်ပြေစေရန် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1.အပေါ်ဆံပင်တစ်ဝက်ကို အဖောင်းလုပ်ပါ။
ဆံပင်ကို နှစ်ပိုင်းခွဲထားပါ။
နောက်ဘက်မှ ဆံပင်တစ်ဝက်ကို ဘီးဖြင့်ခြစ်ပါ။
ခြစ်ထားသောဆံပင်ကို နောက်သို့ ဘီးဖြင့်သပ်ရပ်အောင် လုပ်ပေးပါ။
ဖောင်းဖောင်းလေးဖြစ်အောင် လုပ်၍စုပြီးကလစ်ဖြင့်ထိုးပါ။
2.ဘယ်ဘက်မှ ဆံပင်ကို လိမ်၍ဖွသွားပါ။
ဘေးဘက်မှ ဆံပင်ကို နှစ်ပိုင်းထပ်ခွဲပါ။
နောက်ဘက်မှ ဆံပင်ကို ယူ၍လိမ်ပေးပါ။
အစလေးများဆွဲထုတ်၍ ဖွပေးပါ။
အဖောင်းလုပ်ထားသော အောက်ဘက်တွင် ကပ်၍ကလစ်ဖြင့်ထိုးပါ။
3.ညာဘက်မှ ဆံပင်ကို လိမ်၍ဖွသွားပါ။
ဘေးဘက်မှ ဆံပင်ကို နှစ်ပိုင်းထပ်ခွဲပါ။
နောက်ဘက်မှ ဆံပင်ကို ယူ၍လိမ်ပေးပါ။
အစလေးများဆွဲထုတ်၍ ဖွပေးပါ။
အဖောင်းလုပ်ထားသော အောက်ဘက်တွင် ကပ်၍ကလစ်ဖြင့်ထိုးပါ။
4.ဘယ်ဘက်မှ ဆံပင်ကို လိမ်၍ဖွသွားပါ။
ရှေ့ဆုံးမှ ဆံပင်ကို ယူ၍လိမ်ပေးပါ။
အစလေးများဆွဲထုတ်၍ ဖွပေးပါ။
အဖောင်းလုပ်ထားသော အောက်ဘက်တွင် ကပ်၍ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှ အစကိုလဲ ဖွ၍ကလစ်ဖြင့်ထိုးပါ။
5.ဆံထုံးလေးစလုပ်ပါမယ်။
ဒိုးနပ်ကွင်းကို သုံးပါမယ်။
ဆံပင်အဖောင်းနေရာတွင် ကပ်၍ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်မှ ဆံပင်လေးများကို အနည်းငယ်စီ ယူ၍ဖွသွားပါ။
ဒိုးနပ်ကွင်းပေါ်အုပ်၍ ကလစ်ဖြင့်ထိုးပါ။
6.ဆက်လက်လုပ်ဆောင်ပါ။
ညာဘက်မှ ဆံပင်လေးများကို အနည်းငယ်စီ ယူ၍ဖွသွားပါ။
ဒိုးနပ်ကွင်းပေါ်အုပ်၍ ကလစ်ဖြင့်ထိုးပါ။
ကျန်ဆံပင်လေးများကို ဖွဖွ၍ အပေါ်မှနည်းအတိုင်း ဆက်လက်လုပ်ဆောင်၍ ကလစ်များထိုးသွားပါ။
Fancy လေးများဖြင့်အလှဆင်ပါ။