အရမ်းကိုကျက်သရေရှိသော ဆံထုံးပုံစံလေးကို အန်တီမမများ အလွယ်တကူပြုလုပ်လို့ ရနိုင်စေရန် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးထားပါတယ်ရှင်။
1.ကျစ်ဆံမြှီးကျစ်ပါမယ်။
အရှေ့ဘက်မှဆံပင်အနည်းငယ်ဆီကို ချန်ထားပါမယ်။
ဘေးတစ်ဖက်ဆံပင်မှ ဆံပင်ကိုနှစ်ချောင်းခွဲပေးပါမယ်။
တစ်ချောင်းကို သုံးချောင်းခွဲပေးပါမယ်။
ကျစ်ဆံမြှီးကို အဆုံးထိကျစ်ပေးပါမယ်။
သရေကွင်းဖြင့်စည်းပါမယ်။
ကျန်သောဆံပင်တစ်ချောင်းကိုလည်း ကျစ်ဆံမြှီးကျစ်ပေးပါမယ်။
2.ဆံပင်ကိုလိမ်ပါမယ်။
ကျစ်သောဆံပင်အားလုံးကို Ponytail စည်းလိုက်ပါမယ်။
စည်းထားသောဆံပင်ကို နှစ်ချောင်းခွဲပေးပါမယ်။
တစ်ဖက်ကို နှစ်ချောင်းပြန်ခွဲပေးပါမယ်။
နှစ်ချောင်းကို ပူး၍လိမ်ပေးပါမယ်။
သရေကွင်းဖြင့်စည်းပါမယ်။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ပြထားသလို လိမ်ပေးပါမယ်။
3.ဆံထုံးထုံးပါမယ်။
လိမ်ထားသောဆံပင်တစ်ချောင်းကိုယူကာ အပေါ်ကိုပတ်တင်ပါမယ်။
ကျန်သောအစကို ဆက်၍ပတ်တင်ပေးပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
ကျန်သောဆံပင်တစ်ချောင်းကိုလည်း အပေါ်ကိုပတ်တင်လိုက်ပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
ကျစ်ဆံမြှီးတစ်ချောင်းကိုယူကာ ဆံထုံးကိုပတ်ပေးပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
နောက်တစ်ချောင်းကိုလည်း ယူကာဆံထုံးကို ပတ်လိုက်ပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
နောက်တစ်ဖက်အရှေ့တွင် ချန်ထားသောဆံပင်ကို နှစ်ချောင်းခွဲပေးပါမယ်။
နှစ်ချောင်းကို ပူး၍လိမ်ပေးပါမယ်။
လိမ်ထားသောဆံပင်ကို ဆံထုံးကိုပတ်လိုက်ပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။