လွယ်ကူပြီးလှလို့ ပွဲလဲတိုးပါတယ်နော် အဆင့်ဆင့်ပြပေးထားလို့ ညလေးတို့ လိုက်လုပ်ကြည့်ပေးနော်။
1.ဘယ်ဘက်မှဆံပင်ကို စလုပ်ပါမည်။
ရှေ့မှဆံပင်ကို Vပုံစံယူပါ။
သားရေကွင်းဖြင့်စည်းပါ။
ရှေ့ဘက်မှချန်ထားသောဆံပင်အနည်းငယ်ကိုယူပါ။
တစ်ခြားတစ်ဖက်သို့ ဆွဲယူ၍ကလစ်ဖြင့်ထိုးပါ။
2.ညာဘက်မှဆံပင်ကို ဆက်လုပ်ပါ။
ရှေ့ဘက်မှချန်ထားသောဆံပင်အနည်းငယ်ကိုယူပါ။
တစ်ခြားတစ်ဖက်သို့ ဆွဲယူ၍ကလစ်ဖြင့်ထိုးပါ။
3.ဘယ်ညာယှက်၍ စည်းပါ။
ကျန်သောဆံပင်ကို အလယ်မှခွဲပါ။
တစ်စကိုယူ၍ စည်းထားသောဆံပင်တွင် ပတ်ပေးပါ။
သားရေကွင်းဖြင့် စည်းပေးပါ။
4.ဆက်လက်လုပ်ဆောင်ပါ။
ကျန်သောဆံပင်ကိုထပ်ယူပါ။
စည်းထားသောဆံပင်တွင် ထပ်ပတ်ပေးပါ။
သားရေကွင်းဖြင့် စည်းပေးပါ။
ဆံထိုးလေးများဖြင့်အလှဆင်ပါ။