မြန်မာရင်ဖုံးလေးနဲ့ဆို ကျက်သရေရှိပြီး ဂါဝန်လေးနဲ့ဆိုရင်တော့ အရမ်းကို ချစ်စရာကောင်းနေမှာပါနော် ဒါကြောင့်ချစ်တို့လိုက်လုပ်ကြည့်လို့ရအောင် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်။
1.ဆံပင်ကို အလယ်ခွဲပါ။
ဆံပင်ကို အလယ်ခွဲပါ။
နောက်ဘက်ကိုလဲ နှစ်ဖက်ခွဲ၍ အလယ်ဆံပင်နဲနဲချန်ပါ။
2.နှစ်ဖက်လုံးကို ကျစ်ဆံမြှီးကျစ်ပါ။
ကျစ်ဆံမြှီးစကျစ်ရန် အစသုံးစယူပါ။
ကျစ်ဆံမြှီး ကျစ်သွားပါ။
တစ်ဖက်ကိုလဲ ကျစ်ဆံမြှီးစကျစ်ရန် အစသုံးစယူပါ။
ကျစ်ဆံမြှီး ကျစ်သွားပါ။
3.အလယ်စကိုယူ၍ ကျစ်ဆံမြှီးနှစ်ခုကြားထဲ ထည့်သွားပါ။
အလယ်စကို ယူပါမယ်။
ဘယ်ဘက်ကျစ်ဆံမြှီး အစကြားထဲမှ လက်ကိုလျှိုထည့်ပါ။
လျှိုထားသောလက်ဖြင့် အလယ်စကို ယူပါ။
အလယ်စကို ဆွဲထုတ်လိုက်ပြီး တစ်ဖက်ဆံပင်ကြားမှ လက်လျှိုထားပါ။
လျှိုထားသောလက်ဖြင့် အစကိုဆွဲယူပါ။
အစကို ဆွဲထုတ်လိုက်ပြီး တစ်ဖက်ဆံပင်ကြားမှ လက်လျှိုထားပါ။
လျှိုထားသောလက်ဖြင့် အစကိုဆွဲယူပါ။
တစ်ဖက်ဆံပင်ကြားမှ ဆွဲထုတ်ထားသောအစကို ဆွဲယူပါ။
ဆွဲထုတ်လိုက်ပါ။
4.ဆက်လက်လုပ်ဆောင်ပါ။
အဆုံးထိလုပ်သွား၍ သားရေကွင်းဖြင့်စည်းပါ။
ဘေးနားလေးများကို ဖွပေးပါ။
ဆံညှပ်လေးကို သုံးပေးပါ။