ဂါဝန်လေးဘဲ ၀တ်မလား Dinner Dress လေးဘဲဝတ်မလား မြန်မာထမိန်သိမ်လေးနဲ့ဆိုလဲ အရမ်းလိုက်ဖက်လွန်းလှလို့ အဆင့်ဆင့်ဖော်ပြ ပေးလိုက်ပါတယ်နော်။
1.အပေါ်ဆံပင်တစ်ဝက်ကို အဖောင်းလေးများလုပ်ပါ။
ဆံပင်အားလုံးကို စု၍အမြင့်စည်းပါ။
ဒိုးနပ်ကွင်းကို အသုံးပြုပေးပါ။
စည်းထားသောဆံပင်တွင် ဒိုးနပ်ကွင်းကို စွပ်ပါ။
ဒိုးနပ်ကွင်းပေါ်သို့ ဆံပင်အားလုံးကို ဖြန့်ချပေးပါ။
2.ဒိုးနပ်ကွင်းတွင် ကျစ်ဆံမြှီးလေးများ ပတ်သွားပါ။
ဖြန့်ချထားသောဆံပင်မှ အနည်းငယ်ကို ယူပါ။
ကျစ်ဆံမြှီးကျစ်ရန် သုံးစယူပါ။
ကျစ်ဆံမြှီးကျစ်ပေးပါ။
ဒိုးနပ်ကွင်းထဲမှ လက်ကိုလျှို၍ ကျစ်ဆံမြှီးကိုယူပါ။
3. ကျန်ဆံပင်များကို ဆက်လုပ်ပါ။
ထွက်လာသော ကျစ်ဆံမြှီးအစကိုယူပါ။
ကျန်ဆံပင်အနည်းငယ်နှင့်ပေါင်းပါ။
ကျစ်ဆံမြှီးကျစ်ရန် သုံးစယူပါ။
ကျစ်ဆံမြှီးကျစ်ပေးပါ။
ဒိုးနပ်ကွင်းထဲမှ လက်ကိုလျှို၍ ကျစ်ဆံမြှီးကိုယူပါ။
4.ဆက်လက်လုပ်ဆောင်ပါ။
ထွက်လာသော ကျစ်ဆံမြှီးအစကိုယူပါ။
ကျန်ဆံပင်အနည်းငယ်နှင့်ပေါင်းပါ။
ကျစ်ဆံမြှီးကျစ်ပေးပါ။
ဒိုးနပ်ကွင်းထဲမှ လက်ကိုလျှို၍ ကျစ်ဆံမြှီးကိုယူပါ။
5.အပြီးသတ်၍ အလှဆင်ပါ။
အားလုံးပြီးသွားသောအခါ ကျစ်ဆံမြှီးအားလုံးကိုဖွပေးပါ။
လိုအပ်သောနေရာများကို ကလစ်ဖြင့်ထိုးပါ။
ပန်းများဖြင့်အလှဆင်ပါ။