အလွယ်တကူပြုလုပ်လို့ရနိုင်စေရန်လည်း Dolly က ပုံနှင့်စာကို တစ်ဆင့်ချင်းဆီဖော်ပြပေးထားတဲ့အတွက် မလုပ်တတ်မှာမပူတော့ပဲ လိုက်လုပ်ကြည့်ကြနော်။
1.ဆံပင်ကိုလိမ်ပါမယ်။
ဆံပင်အားလုံးကို အနောက်ကိုသိမ်းပြီး အပေါ်မှဆံပင်အနည်းငယ်ကို ယူကာသရေကွင်းဖြင့် စည်းပါမယ်။
ဘေးဘက်နှစ်ဖက်လုံးမှ ဆံပင်အနည်းငယ်ကို ယူလိုက်ပါမယ်။
ယူထားသောဆံပင်ကို သရေကွင်းဖြင့် စည်းပေးပါမယ်။
ဘေးဘက်နှစ်ဖက်လုံးမှ ဆံပင်အနည်းငယ်ကို ထပ်ယူလိုက်ပါမယ်။
ယူထားသောဆံပင်နှစ်ချောင်းကို ပေါင်းကာ လိမ်ပေးပါမယ်။
အဆုံးထိလိမ်ကာ သရေကွင်းဖြင့်စည်းလိုက်ပါမယ်။
2.ဆံထုံးထုံးပါမယ်။
လိမ်ထားသောဆံပင်ကို အပေါ်ကို ပတ်တင်ပေးပါမယ်။
အစကို သိမ်းကာ ကလစ်ဖြင့်ထိုးပေးပါမယ်။
ပန်းပွင့်ပုံစံလေးရပြီဖြစ်ပါတယ်ရှင်။
ကျန်သောဆံပင်များကို နှစ်ခြမ်းခွဲလိုက်ပါမယ်။
တစ်ဖက်မှ ဆံပင်ကိုယူကာ နှစ်ချောင်းခွဲ၍ လိမ်ပြီးသရေကွင်းဖြင့် စည်းပေးပါမယ်။
လိမ်ထားသောဆံပင်ကို အပေါ်ကို ပတ်တင်ပေးပါမယ်။
အဆုံးထိပတ်တင်ပေးပါမယ်။
ကလစ်ဖြင့် ထိုးပေးပါမယ်။
3.ဆံထုံးထုံးပါမယ်။
ကျန်သောဆံပင်ကို နှစ်ချောင်းခွဲ၍ လိမ်ပြီးသရေကွင်းဖြင့် စည်းပေးပါမယ်။
လိမ်ထားသောဆံပင်ကို အပေါ်သို့ ပတ်တင်ပေးပါမယ်။
အဆုံးထိပတ်တင်ပေးပါမယ်။
ကလစ်ဖြင့် ထိုးပေးပါမယ်။
4.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။