မျက်ခုံးဆွဲရာမှာ အဓိကကျတာက ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်မယ့် မျက်ခုံးဆွဲနည်းလေးကို သိဖို့လိုပါတယ်နော် နှိုင်းလို ဘဲဥပုံမျက်နှာကျ ရှိသူတွေအဖို့က ခုနှိုင်းဆွဲပြထားတဲ့ မျက်ခုံးလေးနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်နော်။
1. Comestic Art Eyebrow pencil အညိုနှင့်အမဲကို စပ်သုံးပါမယ်။
ခဲတံအညိုဖြင့် မျက်ခုံးလိုင်းပေါ်အောင် အရင်ဖော်ပေးပါ။
မျက်ခုံးအစွန်းကို ခဲတံအမဲဖြင့် လိုက်ဖြည့်ပေးပါ။
ရှေ့ဘက်ကို ခဲတံအညိုဖြင့် လိုက်ဖြည့်ပေးပါ။
2.Eyebrow Brush ကိုသုံးပေးပါ။
ခဲတံဖြင့်ဖြည့်ထားသောနေရာတွေမှာ ညီသွားအောင် brush ဖြင့်ဖြည်ပေးပါ။
Spoolie Brush ဖြင့်မျက်ခုံးကို အပေါ်ပင့်တင်ပေးပါ။
3. concealerကို သုံးပေးပါ။
မျက်ခုံးဆွဲ၍မညီညာသောနေရာတွေကို concealer ဖြင့်ညှိပေးပါ။
Brush ဖြင့် concealer ကိုပြန်ဖြည်ပေးပါ။
ညီညာလှပသော မျက်ခုံးလေးပုံကျသွားပါပြီ။
4. concealerကို သုံးပေးပါ။
နှုတ်ခမ်းသားအရောင်မညီတာတွေကို concealer ဖြင့်ဖြည့်ပေးပါ။
5.Jordana မှထုတ်ထားသော Sweet Cream လေးကို ဆိုးပေးပါမယ်။
Lip Stick ကို အပြင်ဘက်နှုတ်ခမ်းသားနေရာတွင် ဆိုးပါ။
NARS မှ အနီရောင်နှုတ်ခမ်းနီလေးကို သုံးပါမယ်။
နှုတ်ခမ်းသားအတွင်းဘက်ကို ဖြည့်ဆိုးပါ။
နှစ်ရောင်စပ်လေးဖြင့် လှပသော နှုတ်ခမ်းသားတစ်စုံကို ရရှိပါပြီ။