ပြုလုပ်ရန်မခက်ခဲပဲ နှစ်ကြောင်းထိုးကျစ်တတ်ရုံဖြင့် ဆံပင်ပုံအမျိုးမျိုးလုပ်လို့ရတယ်နော်။ အခုလည်း နှစ်ကြောင်းဘယ်လိုကျစ်ရမလည်းဆိုတဲ့ ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်တယ်နော်။
1.နှစ်ကြောင်းထိုးကျစ်ပါမယ်။
ဆံပင်အားလုံးကို အနောက်သို့ပို့ကာ အပေါ်တစ်လွှာကိုယူပါမယ်။
ယူထားသောဆံပင်ကို နှစ်ကြောင်းခွဲပါမယ်။
ခွဲထားသောတစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကို ပို့၍ပူးလိုက်ပါမယ်။
ပူးထားသောဘက်မှ ဆံပင်အနည်းငယ်ကို ပြန်ယူပါမယ်။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကို ပို့၍ပူးလိုက်ပါမယ်။
အပေါ်တွင်ပြထားသလိုဆက်ကျစ်ပါမယ်။
အောက်အထိဆက်ကျစ်သွား၍ သရေကွင်းဖြင့်စည်းပါမယ်။
ကျစ်ထားသောဆံပင်ကို ဖွပေးပါမယ်။
2.နှစ်ကြောင်းထိုးကျစ်ပါမယ်။
အောက်တွင်ကျန်သော ဆံပင်ကိုလည်း နှစ်ကြောင်းခွဲလိုက်ပါမယ်။
ခွဲထားသောတစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကို ပို့၍ပူးလိုက်ပါမယ်။
ပူးထားသောဘက်မှ ဆံပင်အနည်းငယ်ကို ပြန်ယူပါမယ်။
ယူထားသောဆံပင်ကို ဆန့်ကျင်ဘက်ကို ပို့၍ပူးလိုက်ပါမယ်။
အပေါ်တွင်ပြထားသလိုဆက်ကျစ်ပါမယ်။
အောက်အထိကျစ်ကာ သရေကွင်းဖြင့်စည်းပါမယ်။
ဖွပေးပါမယ်။
3.ဆံပင်ကိုပူးပါမယ်။
အောက်တွင်ကျစ်ထားသော ကျစ်ဆံမြှီးအလယ်မှ လက်ကိုနှိုက်၍ ကျစ်ဆံမြှီးအသေးကို ယူပါမယ်။
ကျစ်ဆံမြှီးအသေးကို ဆွဲထုတ်လိုက်ပါမယ်။
သေချာလှပအောင် ကျစ်ဆံမြှီးနှစ်ချောင်းကို ညီအောင်ညှိပါမယ်။
4.အလှဆင်ပါမယ်။
ဖဲပြားကလစ်လေးဖြင့် အလှဆင်ပါမယ်။