မိတ်ကပ်မပြင်တတ်တဲ့သူတွေလည်း အားမငယ်ပဲ ရိုးရိုးလေးနဲ့လှနိုင်စေဖို့အတွက် Dolly Makeup Look လေးကို ကြည့်ပြီးပြင်ကြည့်ကြပါလို့။
1.Skin care ကိုအရင်သုံးပေးပါမယ်။
ပထမဦးစွာ မျက်နှာကိုသန့်စင်ကာ Skin care ကိုအရင်သုံးပေးရပါမယ်။
နောက်တစ်ဆင့်အနေနဲ့ Foundation ကို မျက်နှာပေါ်တွင် အစက်ချပေးပါမယ်။
Foundation Brush ဖြင့် ညီညာစွာလိမ်းပြီးသောအခါ မျက်နှာလေးမှာ ညက်ညက်ကလေးဖြစ်သွားပါတယ်။
မျက်နှာမှာရှိတဲ့ မျက်ကွင်းညိုတာတွေ အမည်းစက်တွေကို ဖုံးပေးဖို့အတွက် Concealer ကို လိုအပ်တဲ့နေရာများတွင် သုံးပေးရပါမယ်။
Sponge ကိုအသုံးပြု၍ သေချာဖြန့်လိမ်းပေးရပါမယ်။
နောက်တစ်ဆင့်အနေနဲ့ Loose Powder လေးကို လိုအပ်သောနေရာများတွင် Powder Brush ဖြင့် လိမ်းပေးပါမယ်ရှင်။
2.မျက်လုံးကို ခြယ်သပေးပါမယ်။
Bella Pallate လေးထဲမှ အညိုရင့်ရောင်ကာလာလေးကို အသုံးပြုပါမယ်။
Eyebrow Brush လေးဖြင့် မျက်ခုံးကိုသေချာဆွဲပေးပါမယ်။
Eye shadow ခြယ်ဖို့အဆင့်ကို ရောက်လာပြီဆိုတော့ Bella Pallate လေးထဲမှ ရွေရောင်ကာလာလေးကို အရင်ဆုံးအသုံးပြုပေးပါမယ်။
အပေါ်မျက်ခွံတစ်ဝက်အထိ ရွေရောင်ကာလာလေးကို Eyeshadow Brush လေးဖြင့် ခြယ်ပေးပါမယ်။
နောက်တစ်ဆင့်အနေနဲ့ အညိုရောင်ကာလာလေးကို အသုံးပြုပေးပါမယ်။
Eyeshadow Brush လေးဖြင့် အပေါ်မျက်ခွံထောင့်ကို ခြယ်ပေးပါမယ်။
အောက်မျက်ခမ်းစပ်ကိုလည်း အညိုရောင်ကာလာလေးကို ခြယ်ပေးပါမယ်။
နောက်ဆုံးအနေနဲ့ သခွားဖျော့ရောင်လေးကို အသုံးပြုပေးပါမယ်။
မျက်ခုံးအောက်နားနှင့် မျက်ခမ်းစပ်နေရာတွေကို Hightlight အဖြစ်ခြယ်ပေးပါမယ်။
မျက်လုံးအလှကို ပိုမိုပေါ်လွင်စေဖို့အတွက် Eyeliner ဆိုပေးရပါမယ်။
နောက်တစ်ဆင့်အနေနဲ့ မျက်တောင်တုတပ်စရာမလိုပဲ လှပနေစေရန် Mascara ကို အသုံးပြုပေးပါမယ်။
3.ပါးနီခြယ်ပါမယ်။
ပါးနီခြယ်ဖို့အတွက် Bella Pallate ထဲကကာလာလေးကို သုံးပေးပါမယ်။
Brusher Brush ဖြင့်သေချာခြယ်သပေးပါမယ်။
နောက်တစ်ဆင့်အနေဖြင့် နှုတ်ခမ်းအလှကို Bella ရဲ့ Suger Lips ဖြင့်ပုံဖော်ပေးပါမယ်။
နောက်ဆုံးအနေဖြင့် elf က Powder လေးကို Powder Brush ဖြင့် လိမ်းခြယ်လိုက်သောအခါ အားလုံးပြီးပြည့်စုံသွားပါပြီရှင်။