ဘုရားသွားပြီး ချစ်ချစ်နဲ့သွားတွေ့မယ်ဆို ဒီလိုဆံပင်လေး လုပ်သွားကြည့်နော် အရမ်းလှနေမှာ ယုံကြည်လိုက်ပါ။
1.ရှေကဆံပင်ကို အလိမ်ဖြစ်အောင် အရင်လုပ်ပါ။
ရှေ့ဆံပင်အနည်းငယ်ကိုယူ၍ သားရေကွင်းစည်းပါ။
စည်းထားသောဆံပင်ကို အလယ်မှခွဲပါ။
အလယ်ခွဲကြောင်းထဲသို့ ဆံပင်ကိုထည့်ပါ။
အလိမ်ဖြစ်သွားသော ဆံပင်ကို ဖွပေးပါ။
2.ဆံပင်အနည်းငယ်ယူ၍ လိမ်ပေးပါ။
ဘေးဘက်မှ ဆံပင်ကို ထပ်စည်းပါ။
စည်းထားသောဆံပင်ကို အလယ်မှခွဲပါ။
အလယ်ခွဲကြောင်းထဲသို့ ဆံပင်ကိုထည့်ပါ။
အလိမ်ဖြစ်သွားသော ဆံပင်ကို ဖွပေးပါ။
3. ဆံပင်နှစ်စကို စုစည်းပါမည်။
တစ်ခြားဘေးဘက်မှ ဆံပင်ကို ထပ်စည်းပါ။
အလယ်ခွဲကြောင်းထဲသို့ ဆံပင်ကိုထည့်ပါ။
အလိမ်ဖြစ်သွားသော ဆံပင်ကို ဖွပေးပါ။
ဘေးဘက်မှ ဆံပင်နှစ်စကို စု၍သားရေကွင်းဖြင့် စည်းပါ။
4.တစ်လွှာစည်းနည်းလေး ပြီးပါပြီ။
နောက်ထပ်ဆံပင် အနည်းငယ်ကို ထပ်စည်း၍ အလိမ်ဖြစ်အောင်လုပ်ပါ။
တစ်ခြားတစ်ဖက်ကိုလဲ ထပ်လုပ်ပေးပါ။
နှစ်စကို စုယူ၍ ကလစ်ဖြင့်ထိုးပါ။