ခုလိုအရာရာပြီးပြည့်စုံတဲ့ ခေတ်ကြီးမှာ မိမိကိုယ်ကိုလှပအောင် ပြင်ဆင်ခြယ်သနည်းတွေ အများကြီးနဲ့ပြုပြင်လိုရတဲ့အတွက် ချစ်ညလေးတွေ လှသထက်လှအောင်လို့ နှိုင်းကနေ အဆင့်ဆင့်လေး တင်ဆက်ပေးလိုက်ပါတယ်နော်။
1. Primer ကို အရင်သုံးပေးပါ။
မိတ်ကပ်သား တာရှည်ခံစေရန် makeup base ဖြစ်တဲ့ Primer ကို အရင်သုံးပေးရပါမယ်။
Primerကို အသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။
2.Foundation ကို စလိမ်းပါမယ်။
မိမိအသားအရေနှင့် လိုက်ဖက်သည့် Foundation ကိုရွေးချယ်ပါ။
Brush ဖြင့်ယူ၍ မျက်နှာအနှံ့ကို အစက်ချပေးပါ။
မိတ်ကပ်သားညီညာအောင် spongeဖြင့် ပုတ်လိမ်းပေးပါ။
3. concealerကို သုံးပေးပါ။
မျက်နှာတွင်ရှိသော အပြစ်အနာအဆာတွေကို ဖုံးအုပ်ပေးဖို့ concealerကို သုံးပေးရပါမယ်။
မျက်လုံးအောက်ဘက်နှင့် အမဲစက်နေရာများကို အဓိကဖြည့်ပေးပါ။
Brushဖြင့် မိတ်ကပ်သားများကို ညီညာအောင် ဖြည်ပေးပါ။
4. Highlight အဖြူကိုသုံးပေးပါ။
မျက်နှာကို လင်းလင်းလေးနှင့် ပြောင်ပြောင်လေး ဖြစ်ချင်သူများအတွက် Highlight အဖြူကိုသုံးပါမယ်။
နဖူး၊နှာခေါင်း၊ပါးရိုးနှစ်ဖက်နှင့် မေးစေ့နေရာများတွင် creamကိုလိမ်း၍ Brush ဖြင့်ဖြည်ပေးပါ။
5.Contouring အညိုကို သုံးပါမယ်။
မျက်နှာကို သွယ်သွယ်လေးဖြစ်အောင် နဖူး၊နှာခေါင်း၊ပါးရိုးနှင့်မေးရိုး နေရာများကို အညိုချပေးပါ။
Contouring ကိုမိမိလိုအပ်သည့်နေရာများတွင် ချပေးလို့လဲ ရပါတယ်။
နှာခေါင်းနေရာမှ အညိုကိုBrushအလုံးလေးဖြင့် ပြန်ဖြည်ပါ။
နဖူး၊ပါးရိုးနှင့် မေးရိုးနေရာများကို Brushအပြားဖြင့် ပြန်ဖြည်ပေးပါ။
6.Loose Powderကို သုံးပါမယ်။
အဆီပြန်ခြင်းကို ထိန်းချုပ်ပေးဖို့ Loose Powderကို သုံးရပါမယ်။
Powderလိမ်းပြီးချိန်မှာတော့ မျက်နှာလေးဟာ အဆီပြန်ခြင်းကင်းပြီး သိပ်သိပ်လေးနဲ့ လှပနေပါပြီ။