ဘယ်နေရာသွားသွား အမြင်တင့်တယ်စေပြီး လွယ်ကူရိုးရှင်းတဲ့ ဆံပင်ပုံစံလေးကိုအောက်မှာတစ်ဆင့်ချင်းပျိုးမေများအတွက် ဖော်ပြလိုက်ပါတယ်။
1.ကျစ်ဆံမြှီးစကျစ်ပါမယ်။
ဆံပင်တစ်ဝက်ကိုယူပြီး သားရေကွင်းဖြင့်စည်းပါမယ်။
စည်းထားသောဆံပင်မှ ဆံပင်အနည်းငယ်ကိုယူလိုက်ပါမယ်။
ယူထားသောဆံပင်ကို ပတ်ပေးရပါမယ်။
ပတ်ထားသောဆံပင်ကို ပြုတ်မထွက်စေရန် ကလစ်ဖြင့်ထိုးပါ။
ကျန်သောဆံပင်တစ်ဝက်ကို သုံးချောင်းခွဲပါ။
သုံးချောင်းခွဲထားသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပါမယ်။
ကျစ်ထားသောဆံပင်ကို ဖွပေးရပါမယ်။
ကျစ်ဆံမြှီးများပွမသွားစေရန် သားရေကွင်းဖြင့်ခန စည်းထားရပါမယ်။
2.အောက်ဆံပင်တစ်ဆင့်ပတ်ပါမယ်။
အောက်မှကျန်သော ဆံပင်အားလုံးကို ချည်လိုက်ပါမယ်။
ချည်းထားသောဆံပင်အနည်းငယ်ကို ယူလိုက်ပါမယ်။
ယူထားသောဆံပင်ကို ပတ်ပေးရပါမယ်။
ပတ်ထားသောဆံပင်ကို ကလစ်ဖြင့်ထိုးပါ။
ပွမသွားစေရန်သားရေကွင်းဖြင့် စည်းပါ။
3.Fancy ဖြင့်အလှဆင်ပါမယ်။
ကျစ်ထားသောကျစ်ဆံမြှီးပေါ်သို့ fancy ဖြင့်အလှဆင်ပါမယ်။