ခေါင်းပတ်ကြိုးလေးရှိရုံဖြင့် လူငယ်ဆန်ပြီး အထာကျသော ဖန်စီဆံထုံးပုံစံအသစ်လေးကို Shawty လေးများအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို Dolly က ဖော်ပြပေးချင်ပါတယ်။
1.ဆံပင်ကိုဖောင်းပေးပါမယ်။
အရှေ့မှ ဆံပင်အနည်းငယ်ကိုယူကာ အနောက်ကိုပို့ကာ အဖောင်းပုံစံပြုလုပ်ပါမယ်။
ကလစ်ဖြင့်သေချာထိုးပေးပါမယ်။
ကျန်သောဆံပင်အားလုံးကို Ponytail အမြင့်စည်းလိုက်ပါမယ်။
2.ဆံပင်ကိုလိမ်ပေးပါမယ်။
စည်းထားသောဆံပင်ကို နှစ်ခြမ်းခွဲလိုက်ပါမယ်။
တစ်ဖက်ကိုယူကာ နှစ်ချောင်းခွဲလိုက်ပါမယ်။
ဆံပင်နှစ်ချောင်းကို ပူး၍လိမ်ကာ သရေကွင်းဖြင့်စည်းပါမယ်။
လိမ်ထားသောဆံပင်ကို ကျန်သောဆံပင်အောက်မှယူကာ အပေါ်ကိုပတ်တင်လိုက်ပါမယ်။
ကလစ်ဖြင့်ထိန်းပေးပါမယ်။
ကျန်သောအစကို ပတ်တင်ပေးပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
3.ဆံထုံးထုံးပါမယ်။
နောက်တစ်ဖက်ကိုလည်း လိမ်ကာသရေကွင်းဖြင့် စည်းပေးပါမယ်။
လိမ်ထားသောဆံပင်ကိုယူကာ အပေါ်ကိုပတ်တင်ပါမယ်။
ကလစ်ဖြင့်ထိန်းပေးပါမယ်။
ကျန်သောအစကို ဆက်၍ပတ်တင်ပေးပါမယ်။
ကလစ်ဖြင့်ထိုးပါမယ်။
4.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာ ခေါင်းပတ်ကြိုးဖြင့် အလှဆင်နိုင်ပါတယ်။
ခေါင်းပတ်ကြိုးကို စွတ်ချလိုက်ပါမယ်။