လူငယ်ဆန်ဆန်လေးနှင့် လှပနေစေမည့် ကောက်ညှင်းထုပ်ပုံစံ အလှစည်းနည်းကို ပျိုမေလေးများလုပ်ရလွယ်ကူစေရန် အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ကောက်ညှင်းထုပ်ပုံစံစည်းပေးပါ။
ဘယ်ဘက်မှဆံပင်အနည်းငယ်ကို ယူ၍သားရေကွင်းဖြင့်စည်းပါ။
လက်၃လုံးစီခြား၍ သားရေကွင်းဖြင့် စည်းပါ။
ဖွပေးပါ။
ညာဘက်ကိုလဲ ဘယ်ဘက်ကအတိုင်းစည်းပါ။
၂ခုကိုယှက်၍ ကလစ်ဖြင့်ထိုးပါ။
2.အောက်တစ်ဆင့်ကိုလဲ ကောက်ညှင်းထုပ်ပုံစံ စည်းပေးပါ။
ဘယ်ဘက်မှဆံပင်အနည်းငယ်ကို ထပ်ယူ၍သားရေကွင်းဖြင့်စည်းပါ။
ညာဘက်ကိုလဲစည်းပေးပါ။
လက်၃လုံးစီခြား၍ သားရေကွင်းဖြင့် စည်းပါ။
ဖွပေးပါ။
ညာဘက်ကိုလဲ ဘယ်ဘက်ကအတိုင်းစည်းပါ။
3.ဘေး၂ဖက်ကို ကလစ်ဖြင့်ထိုးပါ။
ဘယ်ဘက်စည်းထားသော နေရာကိုကလစ်ဖြင့်ထိုးပါ။
ညာဘက်စည်းထားသော နေရာကိုကလစ်ဖြင့်ထိုးပါ။