ပြုလုပ်ရတာလွယ်ကူပြီး အရမ်းလှပတဲ့ဒီဆံပင်ပုံစံလေး ဘယ်လိုလုပ်မလည်းဆိုတာကိုသိချင်ရင်ဝင်ကြည့်ပေးနော်။
1.ဆံပင်ကိုလိမ်ပါမယ်။
အရှေ့မှဆံပင်အနည်းငယ်ကို ယူကာအနောက်တွင်သရေကွင်းဖြင့် စည်းပါမယ်။
ဘေးတစ်ဖက်မှဆံပင်အနည်းငယ်ကို ယူပါမယ်။
နောက်တစ်ဖက်မှဆံပင်အနည်းငယ်ကို ထပ်ယူလိုက်ပါမယ်။
ယူထားသောဆံပင်နှစ်ချောင်းကို အလယ်တွင်ပူးကာ သရေကွင်းဖြင့်စည်းပါမယ်။
ကွင်းတံကိုအသုံးပြုပါမယ်။
အပေါ်တွင်စည်းထားသော ဆံပင်အလယ်ထဲသို့ ကွင်းတံကိုစိုက်လိုက်ပါမယ်။
အောက်မှစည်းထားသော ဆံပင်ကိုယူကာ ကွင်းတံထဲကို ထည့်လိုက်ပါမယ်။
ကွင်းတံကို ဆွဲချလိုက်ပါမယ်။
2.ဆံပင်ကိုလိမ်ပါမယ်။
အပေါ်တွင်ဖော်ပြထားသလို ဆက်၍လိမ်သွားပါမယ်။
အဆင့်ဆင့်လိမ်ထားသောဆံပင်ပုံစံလေးရပြီဖြစ်ပါတယ်။
3.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာပန်းဖြင့် အလှဆင်နိုင်ပါတယ်။