ပြုလုပ်ပုံကလည်း ရိုးရှင်းလွယ်ကူသောကြောင့် လူတိုင်းနှင့် လိုက်ဖက်နိုင်သော ဆံပင်ပုံစံအသစ်လေးပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးချင်ပါတယ်ရှင်။
1.ဆံပင်ကိုလိမ်ပါမယ်။
အရှေ့မှဆံပင်အနည်းငယ်ကို ယူကာအနောက်တွင်သရေကွင်းဖြင့် စည်းပါမယ်။
ဘေးတစ်ဖက်မှဆံပင်အနည်းငယ်ကို ယူပါမယ်။
နောက်တစ်ဖက်မှဆံပင်အနည်းငယ်ကို ထပ်ယူလိုက်ပါမယ်။
ယူထားသောဆံပင်နှစ်ချောင်းကို အလယ်တွင်ပူးကာ သရေကွင်းဖြင့်စည်းပါမယ်။
ကွင်းတံကိုအသုံးပြုပါမယ်။
အပေါ်တွင်စည်းထားသော ဆံပင်အလယ်ထဲသို့ ကွင်းတံကိုစိုက်လိုက်ပါမယ်။
အောက်မှစည်းထားသော ဆံပင်ကိုယူကာ ကွင်းတံထဲကို ထည့်လိုက်ပါမယ်။
ကွင်းတံကို ဆွဲချလိုက်ပါမယ်။
2.ဆံပင်ကိုလိမ်ပါမယ်။
အပေါ်တွင်ဖော်ပြထားသလို ဆက်၍လိမ်သွားပါမယ်။
အဆင့်ဆင့်လိမ်ထားသောဆံပင်မှ ကျန်သောအစကိုယူပါမယ်။
ကျစ်ဆံမြှီးကျစ်ပါမယ်။
ဖွပေးပါမယ်။
သရေကွင်းဖြင့် စည်းပါမယ်။
3.ပန်းပွင့်ပုံလုပ်ပါမယ်။
ကျစ်ထားသောဆံပင်အစကို အပေါ်ကိုခွေတင်ပါမယ်။
အဆုံးထိခွေကာ အရင်းတွင်ပတ်လိုက်ပါမယ်။
ကလစ်ဖြင့်သေချာထိုးပေးပါမယ်။
4.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာပန်းဖြင့် အလှဆင်နိုင်ပါတယ်။