ရှင်းရှင်းလေးနဲ့လှပစေမည့် ပုံစံမျိုးဖြစ်ကာ ပြုလုပ်ရလည်းမခက်ခဲပဲ လူတိုင်းပြုလုပ်နိုင်မည့် ပုံစံအသစ်လေးပြုလုပ်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးချင်ပါတယ်။
1.ဆံပင်ကိုလိမ်ပါမယ်။
အရှေ့မှဆံပင်အနည်းငယ်ကို အနောက်ကိုယူပါမယ်။
ယူထားသောဆံပင်ကို ကလစ်ထိုးရာတွင် ပြေမကျအောင် အနည်းငယ်လိမ်ပေးမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
ဘေးဘက်မှဆံပင်အနည်းငယ်ကိုယူပါမယ်။
နောက်တစ်ဖက်မှဆံပင်အနည်းငယ်ကိုလည်း ယူပါမယ်။
ယူထားသောနှစ်ဖက်ဆံပင်ကို ပေါင်း၍ သရေကွင်းဖြင့်စည်းပါမယ်။
ကွင်းတံကိုအသုံးပြုပါမယ်။
စည်းထားသောဆံပင်အလယ်ထဲသို့ ကွင်းတံကိုထည့်၍ ကွင်းထဲသို့ဆံပင်ကိုထည့်ပါမယ်။
2.ဆံပင်ကိုလိမ်ပါမယ်။
ဆံပင်ကို ဆွဲထုတ်လိုက်ပါမယ်။
ဘေးနှစ်ဖက်မှ ဆံပင်အနည်းငယ်ကို ထပ်ယူလိုက်ပါမယ်။
ယူထားသောဆံပင်ကို သရေကွင်းဖြင့် စည်းပါမယ်။
စည်းထားသောဆံပင်အလယ်ထဲသို့ ကွင်းတံကိုထည့်၍ ကွင်းထဲသို့ဆံပင်ကိုထည့်ပါမယ်။
ဆံပင်ကို ဆွဲထုတ်လိုက်ပါမယ်။
အပေါ်တွင်ပြထားသည့်အတိုင်း အောက်အထိ ဘေးမှဆံပင်ကိုဆွဲယူကာ အဆင့်ဆင့်စည်းသွားပါမယ်။
3.အလှဆင်ပါမယ်။
လိပ်ပြာကလစ်လေးနဲ့ ခေါင်းစည်းကြိုးဖြင့် အလှဆင်ပေးပါမယ်။
ကလစ်ကို အပေါ်ဘက်နားတွင်ထိုးလိုက်ပါမယ်။
သရေကြိုးအလှလေးကို ဆံပင်အောက်ဖျားတွင် စည်းလိုက်ပါမယ်။