ခေတ်မီဆန်းသစ်လှပသော Hair design ပြုလုပ်ပုံအဆင့်ဆင့်ကို ပျိုမေလေးများအတွက် ဖော်ပြပေးလိုက်ပါတယ်။
1.ဆံပင်ကို လိမ်ပါ။
ဆံပင်အကုန်လုံးကို အနောက်သို့ယူ၍ သုံးချောင်းခွဲပြီး သရေကွင်းဖြင့် စည်းပါမည်။
စည်းထားသောဆံပင်ကို လိမ်ပါမည်။
လိမ်ထားသော ဆံပင်ကိုဖွပါမည်။
သရေကွင်းစည်းပါမည်။
သုံးချောင်းလုံးကို လိမ်၍ဖွပြီး သရေကွင်းစည်းပါမည်။
2.ဆံထုံးထုံးပါ။
ဆံပင်တစ်ချောင်းကိုယူ၍ ကျန်သောနှစ်ချောင်းအောက်ဘက်မှနေ၍ အပေါ်ကိုပတ်တင်ပါမည်။
ကလစ်ထိုးပါမည်။
နောက်တစ်ချောင်းကို ယူ၍ထပ်ပတ်ပါမည်။
ကလစ်ထိုးပါမည်။
နောက်ဆုံးတစ်ချောင်းကိုယူ၍ ထပ်ပတ်လိုက်ပါမည်။
ကလစ်ထိုးပါမည်။
3.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်ပါမည်။