အလှူမင်္ဂလာပွဲများသွားရောက်သည့်အခါရိုးရိုးရှင်းရှင်းနှင့်မြန်မာဆန်ဆန်ကျော့ရှင်းလှပစေပြီး ကျက်သရေနှင့်ပြည့်ဝသော နောက်တွဲဆံထုံးလေးကို အဆင့်ဆင့် ဖန်တီးပေးလိုက်ပါတယ်။
1. ကျစ်ဆံမြှီးကျစ်ပါမယ်။
ဆံပင်ကိုအနည်းငယ်ယူစည်းပါမယ်။
အောက်မှဆံပင်ကိုတစ်ဝက်ခန့်ယူပါမယ်။
၃ ချောင်းခွဲပါမယ်။
ကျစ်ဆံမြှီးကျစ်ပါမယ်။
2. ညာဘက်ခြမ်းကိုလည်းကျစ်ပေးပါမယ်။
ညာဘက်ခြမ်းကိုလည်း ကျစ်ပေးပါမယ်။
ညာဘက်ခြမ်းကို ပြုလုပ်ပြီးပါပြီ။
3. ဆံခံကိုသုံးပါမယ်။
ဆံပင်ဖောင်းအောင်ဆံခံကိုအသုံးပြုပါမယ်။
ဆံခံကိုအသုံးပြုပြီးစည်းထားသောဆံပင်အောက်ကိုခံပါမယ်။
4. ဆံထုံးထုံးပါမယ်။
စည်းထားသောဆံပင် နှစ်ဆ ကို ၂ ခြမ်းခွဲပါမယ်။
နှစ်ခြမ်းခွဲထားသောဆံပင်မှ ၁ဆ ကို လိမ်ပါမယ်။
လိမ်ထားသော ၁ ဆကိုဆံခံပေါ်ပတ်ပေးပပါမယ်။
ကလစ်ဖြင့်ခိုင်ခန့်အောင်ထိုးပါမယ်။
ကျန်တစ်စကိုလည်းလိမ်ပါမယ်။
လိမ်ထားသောအစကိုလည်း ဆံခံပေါ်ပတ်ပါမယ်။
ကလစ်ဖြင့်ထိုးပါမယ်။
5 ကျစ်ဆံမြှီးကိုပြန်ပတ်ပါမယ်။
ဘယ်ဘက်ခြမ်းမှကျစ်ထားသောကျစ်ဆံမြှီးကိုပြန်ပတ်ပါမယ်။
ညာဘက်ခြမ်းသို့ပို့ပြီး ကလစ်ဖြင့်ထိုးပါမယ်။
ညာဘက်ခြမ်းမှကျစ်ထားသောကျစ်ဆံမြှီးပြန်ပတ်ပါမယ်။
ဘယ်ဘက်ခြမ်းသို့ပို့ပြီးကလစ်ဖြင့်ထိုးပါမယ်။