လူငယ်ဆန်ပြီး ရိုးရှင်းတဲ့ပုံစံလေးဖြစ်တဲ့အတွက် လူငယ်တိုင်းနှင့် လိုက်ဖက်သော ဆံပင်ပုံစံလေး ဘယ်လိုလုပ်ရမလည်းဆိုတဲ့ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးမယ်နော်။
ကျော်ကျော်နဲ့ ချိန်းထားတဲ့နေရာကို ရထားစီးပြီး သွားကြမယ်။
ရထားလာပြီ။
ရထားစီးရင်း အကုန်လုံး အာလူးဖုတ်နေကြတယ်။
ကျော်ကျော်ဆီကိုရောက်တော့ ဘာလုပ်မလည်း တိုင်ပင်နေတာနဲ့ မိုးကရွာလာရောပေါ့ကွယ်။
1.ဆံပင်ကိုစည်းပါမယ်။
ရှေ့နှစ်ဖက်မှ ဆံပင်အနည်းငယ်ကို ယူ၍ချန်ထားပါမယ်။
အနောက်တွင်ကျန်သော ဆံပင်ကိုလည်း အနည်းငယ်ယူ၍ သရေကွင်းဖြင့် စည်းပါမယ်။
အရှေ့တွင်ချန်ထားသော ဆံပင်အနည်းငယ်ကို ယူလိုက်ပါမယ်။
ယူထားသောဆံပင်ကို စည်းထားသောဆံပင်အပေါ်မှ ပတ်၍ပြန်ယူပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
နောက်တစ်ဖက်ကိုလည်း အရှေ့တွင် ချန်ခဲ့သောဆံပင်အနည်းငယ်ကို ယူလိုက်ပါမယ်။
စည်းထားသောဆံပင်အပေါ်မှ ပတ်၍ပြန်ယူပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
2.ကျစ်ဆံမြှီးကျစ်ပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကို ယူ၍ကျစ်ဆံမြှီးကျစ်ကာ သရေကွင်းဖြင့်စည်းပါမယ်။
ကျစ်ထားသောဆံပင်ကို ဖွပေးပါမယ်။
ကျစ်ထားသောဆံပင်ကိုယူပါမယ်။
စည်းထားသောဆံပင်အပေါ်မှ ပတ်၍ပြန်ယူပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
နောက်တစ်ဖက်ကိုလည်း ကျစ်ဆံမြှီးကျစ်၍ ဖွပေးပါမယ်။
ကျစ်ထားသောဆံပင်ကိုယူပါမယ်။
စည်းထားသောဆံပင်အပေါ်မှ ပတ်၍ပြန်ယူပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
3. ကျစ်ဆံမြှီးကျစ်ပါမယ်။
ဘေးဘက်မှဆံပင်အနည်းငယ်ကို ယူကာကျစ်ဆံမြှီးထပ်ကျစ်ပါမယ်။
ဖွပေးပါမယ်။
စည်းထားသောဆံပင်အပေါ်မှ ပတ်၍ပြန်ယူပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
နောက်တစ်ဖက်ကိုလည်း ကျစ်ဆံမြှီးကျစ်၍ ဖွပေးပါမယ်။
ကျစ်ထားသောဆံပင်ကိုယူပါမယ်။
စည်းထားသောဆံပင်အပေါ်မှ ပတ်၍ပြန်ယူပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
4.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာပန်းလေးဖြင့် အလှဆင်နိုင်ပါတယ်။