လှပတင့်တယ်တဲ့ကျစ်ဆံမြှီးဆံထုံးလေးကို ပျိုမေလေးများအတွက်တင်ဆက်ပေးလိုက်ပါတယ်။
1.ဆံပင်ကိုကျစ်ပါမယ်။
ဆံပင်အားလုံးကို အလယ်ခွဲလိုက်ပါမယ်။
ခွဲထားသောတစ်ဖက်မှ ဆံပင်အနည်းငယ်ကို ယူပါမယ်။
ယူထားသောဆံပင်ကို သုံးချောင်းခွဲလိုက်ပါမယ်။
သုံးချောင်းကို ပူး၍ကျစ်ပေးပါမယ်။
ကျစ်ထားသောဘေးမှ ဆံပင်အနည်းငယ်ကို ယူလိုက်ပါမယ်။
ယူလိုက်သောဆံပင်ကို ကျစ်ထားသောဆံပင်နှင့် ပူးလိုက်ပါမယ်။
သုံးချောင်းကို ပူး၍ပြန်ကျစ်ပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကို ထပ်ယူလိုက်ပါမယ်။
ယူလိုက်သောဆံပင်ကို ကျစ်ထားသောဆံပင်နှင့် ပူးလိုက်ပါမယ်။
သုံးချောင်းကို ပူး၍ပြန်ကျစ်ပါမယ်။
2.ကျစ်ဆံမြှီးကျစ်ပါမယ်။
အပေါ်တွင်ဘေးမှဆံပင်အနည်းငယ်ကို ဆွဲယူကျစ်ပြီးသောအခါ ကျန်နေသောဆံပင်ကို ကျစ်ဆံမြှီးကျစ်ပေး၍ သရေကွင်းဖြင့် စည်းပါမယ်။
နောက်တစ်ဖက်မှဆံပင်ကိုလည်း အပေါ်တွင်ပြထားသည့်အတိုင်း ကျစ်ဆံမြှီးကျစ်ပေးပါမယ်။
အနောက်တွင်ကျန်သော ဆံပင်အားလုံးကို သရေကွင်းဖြင့်စည်းပါမယ်။
3.ဆံထုံးထုံးပါမယ်။
စည်းထားသောဆံပင်ကို အပေါ်ကိုပတ်တင်လိုက်ပါမယ်။
ကလစ်ဖြင့်သေချာထိုးပေးပါမယ်။
ကျန်သောဆံပင်ကို ဆက်၍ပတ်တင်ပေးပါမယ်။
ကလစ်ဖြင့်သေချာထိုးပေးပါမယ်။
4.ကျစ်ဆံမြှီးဆံထုံးလုပ်ပါမယ်။
ကျစ်ထားသောတစ်ချောင်းကိုယူပါမယ်။
ဆံထုံးကိုပတ်လိုက်ပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
နောက်တစ်ချောင်းကိုလည်းယူကာ ဆံထုံးကိုပတ်လိုက်ပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။