လွယ်ကူလှပပြီး ချစ်စဖွယ်လည်းကောင်းကာ လူငယ်ဆန်သော ဆံပင်ပုံစံလေးကို ပျိုမေလေးများလှပစေဖို့အတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
1.ဆံပင်ကိုလိမ်ပါမယ်။
ဆံပင်အကုန်လုံးကို အနောက်သို့ ယူကာအလယ်တည့်တည့်ခွဲလိုက်ပါမယ်။
တစ်ဖက်ကို နှစ်ချောင်းပြန်ခွဲလိုက်ပါမယ်။
နှစ်ချောင်းကိုပူးကာ လိမ်ပေးပါမယ်။
အောက်ဆုံးအထိလိမ်သွားကာ သရေကွင်းဖြင့် စည်းပါမယ်။
လိမ်ထားသောအလိမ်ကို အနည်းငယ်ဖွပေးပါမယ်။
2.ဆံပင်ကိုလိမ်ပါမယ်။
နောက်တစ်ဖက်မှဆံပင်ကိုလည်း လိမ်၍ သရေကွင်းဖြင့်စည်းပါမယ်။
နှစ်ဖက်စလုံးကို လိမ်၍ဖွပြီးပြီဖြစ်ပါတယ်။
3.ဆံထုံးပုံစံလုပ်ပါမယ်။
လိမ်ထားသောဆံပင်တစ်ချောင်းကိုယူ၍ အပေါ်ကို ပတ်တင်ပါမယ်။
ကျန်တဲ့အစကိုလည်း ပတ်တင်လိုက်ပါမယ်။
ကလစ်ဖြင့် သေချာထိုးပေးပါမယ်။
နောက်တစ်ဖက်မှဆံပင်ကို ခေါက်တင်ပါမယ်။
နောက်တစ်ဖက်မှဆံပင်ကို ခေါက်တင်၍ ကလစ်ဖြင့်ထိုးပါမယ်။
ဆံထုံးပုံစံရပြီး ဖြစ်ပါတယ်။
4.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါတယ်။