အန်တီလှလှတွေအတွက် ပွဲသွားပွဲလာတွင် ဒီလိုပုံစံလေးကို လှလှပပလေးထုံးဖွဲ့နိုင်အောင် Dolly ကပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးချင်ပါတယ်။
1.ဆံပင်ကိုကြိုးကွင်းပုံလုပ်ပါ။
ဆံပင်ကိုအလယ်ခွဲ၍ ဘေးမှဆံပင်အနည်းငယ်ကိုယူပါမယ်။
ယူလိုက်သောဆံပင်ကို နှစ်ချောင်းခွဲလိုက်ပါမယ်။
ခွဲထားသောဆံပင်ကို ကြိုးချည်သလိုချည်လိုက်ပါမယ်။
တင်းအောင်ဆွဲချည်လိုက်ပါမယ်။
ကျန်သောအစနှစ်ခုကိုပူးကာ ဘေးမှဆံပင်အနည်းငယ်ကို ယူလိုက်ပါမယ်။
ဆံပင်နှစ်စကို ပူး၍ထပ်ချည်လိုက်ပါမယ်။
တင်းအောင်ဆွဲချည်လိုက်ပါမယ်။
နားနေရာလောက်ရောက်သည်အထိ ဆက်ပြီးဘေးမှဆံပင်ကို ဆွဲယူကာ ဆက်ချည်ပေးသွားပါမယ်။
အနောက်မှဆံပင်အနည်းငယ်ကို ယူပါမယ်။
ယူထားသောဆံပင်ကို ဆက်ချည်ပေးပါမယ်။
2.ကြိုးကွင်းပုံချည်ပါ။
အပေါ်မှဆံပင်ကိုဆွဲယူကာ အောက်ရောက်သည်အထိဆက်၍ ချည်သွားပါမယ်။
သရေကွင်းဖြင့် စည်းပေးပါမယ်။
နောက်တစ်ဖက်မှ ဆံပင်ကိုလည်းအပေါ်တွင်ဖော်ပြထားသလို ပြုလုပ်ပါမယ်။
နှစ်ဖက်လုံးကို ကြိုးကွင်းဆက်ချည်ထားသောပုံစံ ပြုလုပ်ပြီးပါပြီ။
3.ဆံထုံးထုံးပါမယ်။
အောက်တွင်ကျန်သော အစနှစ်ခုကိုယူပါမယ်။
အပေါ်တွင်ပြထားသလိုပဲ ချည်လိုက်မယ်။
တင်းသွားအောင်ဆွဲတင်လိုက်ပါမယ်။
ကလစ်ဖြင့် ထိန်းပေးပါမယ်။
ကျန်သောအစကို အပေါ်ကိုပတ်တင်ပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
နောက်ထပ်ကျန်နေသောအစကိုလည်း ပတ်တင်လိုက်ပါမယ်။
ကလစ်ဖြင့်ထိုးပေးပါမယ်။
4.အလှဆင်ပါမယ်။
ကြိုက်နှစ်သက်ရာဆံထိုးဖြင့် အလှဆင်နိုင်ပါတယ်။