ပြုလုပ်ရလွယ်ကူပြီး ခေတ်မီဆန်းသစ်သော ဆံပင်ပုံစံအသစ်လေးကို ပျိုမေလေးများပြုလုပ်နိုင်ရန် ပြုလုပ်ပုံအဆင့်ဆင့်ကိုဖော်ပြပေးလိုက်ပါတယ်။
1.ဆံပင်ကိုကျစ်ပါ။
အရှေ့မှဆံပင်အနည်းငယ်ကို ယူပါမည်။
ယူထားသောဆံပင်ကို နှစ်ချောင်းခွဲပေးပါမယ်။
ဆံပင်နှစ်ချောင်းကို လိမ်လိုက်ပါမယ်။
ဘေးမှဆံပင်အနည်းငယ်ကို ယူပါမယ်။
ယူထားသောဆံပင်ကို လိမ်ထားသောဆံပင်ကြားထဲသို့ ထည့်လိုက်ပါမယ်။
ဆံပင်ကို ပြန်လိမ်လိုက်ပါမယ်။
အပေါ်တွင်ဖော်ပြထားသလို ဘေးမှဆံပင်ကိုဆွဲယူ၍ ဆက်လိမ်သွားပါမယ်။
နောက်တစ်ဖက်ကိုလည်း အပေါ်တွင်ဖော်ပြထားသလို လုပ်ဆောင်ပါမယ်။
အစနှစ်ဖက်ကို အနောက်တွင် သရေကွင်းဖြင့်စည်းပါမယ်။
2.အလှဆင်ပါ။
ခေါင်းပတ်ကြိုးဖြင့် အလှဆင်ပါမယ်။
ဆံပင်တွင် စွပ်လိုက်ပါမယ်။