YUYU BEAUTY ကို စောင့်မျှော်အားပေးနေသော တီတီ မမတို့အတွက် ဆွမ်းကျွေးပွဲများနှင့် လိုက်ဖက်သည့် Fancy နောက်တွဲအလိမ်ဆံထုံးလေးကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်နော်။
1. ရှေ့ဆံပင်ကို အရင်ပြုလုပ်ပါမည်။
ရှေ့ဆံပင်ကိုတ၀က်ယူ၍ ဘီးဖြင့်သပ်ရပ်အောင် ဖြီးပါ။
သားရေကွင်းတပ်ထားသော ကလစ်ကိုအသုံးပြုပါမည်။
ဆံပင်တ၀က်ကိုကလစ်ဖြင့်ထိုးပါမည်။
2.ဆံပင်ကို အယှက်ခေါက်ပါမည်.
ဘယ်ဘက်မှဆံပင်အနည်းငယ်ကို ယူပါ။
လိမ်၍ဖွပေးပါ။
ညာဘက်သို့ယူ၍ ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှဆံပင်အနည်းငယ်ကို ယူပါ။
လိမ်၍ဖွပေးပါ။
ဘယ်ဘက်သို့ယူ၍ ကလစ်ဖြင့်ထိုးပါ။
3.ကျစ်ဆံမြှီးကျစ်ပါမည်။
ဘယ်ဘက်မှဆံပင်အနည်းငယ်ကိုယူ၍ ခေါက်ပါ။
ကလစ်ဖြင့်ထိုးပါ။
ညာဘက်မှဆံပင်အနည်းငယ်ကိုယူ၍ ခေါက်ပါ။
ကလစ်ဖြင့်ထိုးပါ။
4. ဘယ်ဘက်မှဆံပင်ကို အလိမ်အပွဆံထုံးပြုလုပ်ပါမည်။
ဘယ်ဘက်မှဆံပင်အနည်းငယ်ကိုယူပါ။
လိမ်၍ဖွပေးပါ။
ညာဘက်သို့ယူ၍ ကလစ်ဖြင့်ထိုးပါ။
5.ညာဘက်မှဆံပင်ကို အလိမ်အပွဆံထုံးပြုလုပ်ပါမည်။
ညာဘက်မှဆံပင်အနည်းငယ်ကို ယူပါ။
လိမ်၍ဖွပေးပါ။
ဘယ်ဘက်သို့ယူ၍ ကလစ်ဖြင့်ထိုးပါ။
6.ညာဘက်မှဆံပင်ကို အလိမ်အပွဆံထုံးပြုလုပ်ပါမည်။
ပိုနေသောဆံပင်ကို ၂စခွဲပါ။
လိမ်ပါမည်။
တစ်ဖက်သို့ယူ၍ ကလစ်ဖြင့်ထိုးပါ။
ပိုနေသောကျန်ဆံပင်ကို ၂စခွဲပါ။
လိမ်ပါမည်။
တစ်ဖက်သို့ပို့၍ ကလစ်ဖြင့်ထိုးပါ။
Fancy ဆံထိုးအသုံးပြုပါမည်။