ပျိုမေလေးများလှပစေရန် ပြုလုပ်ရလွယ်ကူပြီး အလွန်လှပသောဆံထုံးပုံစံအသစ်လေး ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
1.ဆံပင်ကိုလိမ်ပါ။
အပေါ်တစ်လွှာမှ ဆံပင်အနည်းငယ်ကို ယူ၍သရေကွင်းဖြင့်စည်းပါမည်။
ကွင်းတံကို ယူပါမည်။
စည်းထားသော ဆံပင်အလယ်မှနေ၍ ကွင်းတံကို စိုက်လိုက်ပါမည်။
ကွင်းတံထဲမှနေ၍ စည်းထားသောဆံပင်ကို အပြင်သို့နှိုက်ယူလိုက်ပါမည်။
ကွင်းတံကို ဆွဲချလိုက်ပါမည်။
2.ဆံပင်ကိုလိမ်ပါ။
ဘေးနှစ်ဘက်မှ ဆံပင်အနည်းငယ်ကို ဆွဲယူပါမည်။
ယူထားသော ဆံပင်ကို သရေကွင်းဖြင့်စည်းပါမည်။
စည်းထားသော ဆံပင်အလယ်မှနေ၍ ကွင်းတံကို စိုက်လိုက်ပါမည်။
ကွင်းတံထဲမှနေ၍ စည်းထားသောဆံပင်ကို အပြင်သို့နှိုက်ယူလိုက်ပါမည်။
ကွင်းတံကို ဆွဲချလိုက်ပါမည်။
3.ကျစ်ဆံမြှီးကျစ်ပါ။
ကျန်သောဆံပင်အကုန်လုံးကို သုံးချောင်းခွဲလိုက်ပါမည်။
ကျစ်ဆံမြှီးကျစ်ပြီး သရေကွင်းဖြင့် စည်းပါမည်။
ကျစ်ထားသော ဆံပင်ကို ဖွပါမည်။
ဆံပင်ကို အဖျားမှအပေါ်သို့ ဆံထုံးပုံစံဖြစ်အောင်လိပ်တင်လိုက်ပါမည်။
ပြုတ်မကျအောင် ကလစ်ဖြင့် လိုက်ထိန်းပေးပါမည်။
4.အလှဆင်ပါ။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါသည်။
ပန်းကို လိမ်ထားသောနေရာများတွင် ထိုးလိုက်ပါမည်။