ခေတ်မီဆန်းသစ်လှပသော ဆံထုံးပုံစံအသစ်လေးကို ပျိုမေလေးများလှပစေရန် ရည်ရွယ်၍ ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။
1.ကျစ်ဆံမြှီးကျစ်ပါ။
ဆံပင်အားလုံးကိုစု၍ အနောက်တွင် သရေကွင်းဖြင့် စည်းပါမည်။
ကျစ်ဆံမြှီးကျစ်ပါမည်။
ဖွပါမည်။
သရေကွင်းဖြင့် စည်းပါမည်။
ကွင်းတံကိုယူ၍ူ သရေကွင်းစည်းထားသော အလယ်ထဲသို့ထည့်ပါမည်။
ကွင်းထဲသို့ ဆံပင်ထည့်လိုက်ပါမည်။
ကွင်းကိုဆွဲထုတ်လိုက်ပါမည်။
2.ဆံထုံးထုံးပါ။
ကျစ်ဆံမြှီးကို ဖွ၍လိမ်ပြီးပါပြီ။
ကျစ်ထားသောဆံပင်ကို အဖျားမှစ၍အပေါ်ကိုလိပ်တင်ပါမည်။
ကလစ်ထိုးပါမည်။
3.အလှဆင်ပါမည်။
ကြိုက်နှစ်သက်ရာဖြင့် အလှဆင်နိုင်ပါသည်။
ပန်းကိုအလယ်တွင်ထိုးလိုက်ပါမည်။